နာမည်ကျော်Marvel Studios ကနေ စူပါဟီးရိုးတစ်ယောက်အဖြစ်သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက်ရရှိခဲ့တဲ့မင်းသားMa Dong Seok

“Train To Busan” ဇာတ်ကားထဲမှ မင်းသားတစ်ယောက်ဖြစ်တဲ့ Ma Dong Seok ဟာ မကြာသေးခင်က ဟောလိဝုဒ်က ရုပ်ရှင်ဇာတ်ကားတွေမှာ စူပါဟီးရိုးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက်ရရှိခဲ့ပါတယ်။ကမ်းလှမ်းချက်ပေးခဲ့တာကလည်း နာမည်ကျော် စူပါဟီးရိုးရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတဲ့ Marvel Studios ကပါ။

မနှစ်တုန်းက ကျင်းပခဲ့တဲ့ Cannes Film Festival မှာ မင်းသား Ma Dong Seok ပါဝင်ထားတဲ့ “Train To Busan” ဇာတ်ကားကိုပြသခဲ့ပါတယ်။အဲ့ဒီအချိန်တည်းက မင်းသားအပေါ်မှာ ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူတွေက စိတ်ဝင်စားမှုမြှင့်တက်လာခဲ့တာပါ။

Ma Dong Seok ဟာ သူ့ရဲ့ ငယ်ရွယ်တဲ့အချိန်တွေကို အမေရိကားမှာ ကုန်ဆုံးခဲ့ပြီး ကိုလံဘီယာပြည်နယ်ကဘွဲ့ရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူက အနုပညာလောကထဲမ၀င်ခင် MMA ထရိန်နာနဲ့ Bodybuilder တစ်ယောက်ဖြစ်ခဲ့ပါတယ်။”Train To Busan” ဇာတ်ကားထဲမှာသူ့ရဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ခန္ဓာကိုယ်ကို ပရိသတ်တွေလည်းသတိထားမိပြီးဖြစ်မှာပါ။

Ma Dong Seok ဟာ အမေရိကန်ရုပ်ရှင်နဲ့တီဗီဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ဖို့ ခဏခဏကမ်းလှမ်းချက်များစွာရရှိခဲ့ပေမဲ့ သူက ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ ဘာလို့လဲဆိုရင်သူက “သူ့ရဲ့ အလုပ်ပေါ်မှာတန်ဖိုးထားလေးစားတဲ့သူတစ်ယောက်ပါ။ သူ့မှာကိုရီးယားရုပ်ရှင်ထုတ်လုပ်သူတွေနဲ့စာချုပ်ချုပ်ဆိုထားတာတွေအများကြီးရှိပါတယ်။သူက စာချုပ်ကိုဘယ်တော့မှဖျက်သိမ်းမှာမဟုတ်ပါဘူး။နောက်အနာဂတ်မှာအခွင့်အရေးရှိရင်တော့ သူက စူပါဟီးရိုးအဖြစ်သရုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

Ma Dong Seok ဟာ မကြာသေးခင်က “The Bros” နဲ့ “The Outalws “ဇာတ်ကားတွေကိုရိုက်ကူးထားတယ်လို့သိရပါတယ်။သူသာ စူပါဟီးရိုးအဖြစ် သရုပ်ဆောင်မယ်ဆိုရင် အာရှအနုပညာရှင်တွေကြားမှာ ကွဲပြားခြားနားထူးချွန်တဲ့ မင်းသားတစ်ယောက်ဖြစ်လာမှာပါလို့ ပရိသတ်တွေကပြောခဲ့ကြပါတယ်။

 

625 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.