လူတိုင်းနီးပါး ခြေဖျားတွေအေးစက်လာတာတို့၊ ခြေထောက်တွေ လက်တွေ
ကျင်လာတာတို့ဖြစ်တတ်မှာပါ။ နေ့တိုင်းလိုလိုဖြစ်နေပြီဆိုရင် သင်ပေါ့ဆလို့
မဖြစ်တော့ဘူး။ ဒါဟာ သင့်ရဲ့သွေးလည်ပတ်မှုအားနည်းနေတယ်လို့
အချက်ပြနေတာပါပဲ။ အသည်းနဲ့ အခြားဆက်စပ်သွေးကြောတွေမှာ ပြဿနာရှိနေလို့ပါ။
ဒီအတွက် စားသင့်တဲ့အစားစာနဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲဖို့ Bright Side
မှတစ်ဆင့် အကြံပြုဖော်ပြပေးလိုက်ပါတယ်။
အိမ်မွှေးတိရစ္ဆာန်လေးတွေ မွေးပါ
အိမ်မွေးတိရစ္ဆာန်လေးတွေ.. အထူးသဖြင့် လူနဲ့နီးစပ်တာ ခွေးတို့၊ ကြောင်တို့
ပေါ့။ ခွေးလေးတွေမွေးတာဟာ နှလုံးနဲ့ပတ်သတ်တဲ့ရောဂါတွေမဖြစ်အောင်
လျော့ချပေးနိုင်ပါတယ်။ ခွေးလေးတွေနဲ့ အချိန်ပေး ဆော့ကစားခြင်းဟာ
နှလုံးသွေးလည်ပတ်မှုကိုကောင်းစေပြီး စိတ်ချမ်းသာမှုလည်းရစေပါတယ်။
ဘီယာထက် ဝိုင်ကိုရွေးချယ်ပါ
ဝိုင်သောက်ပေးခြင်းက နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေတယ်လို့
၂ဝ၁၅ ခုနှစ်တည်းကသတ်မှတ်ထားခဲ့ပါတယ်။ အခြား အရက်တွေထက်စာရင်
ဝိုင်က အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။ ဝိုင်မှာ antioxidants နဲ့
အခြား ကွန်ပေါင်းအမျိုးစားတွေ ပါဝင်တာကြောင့် အမျိုးသမီးတွေအနေနဲ့
ပုံမှန်သောက်သုံးပေးနိုင်ပါတယ်။
အစပ်စားပေးပါ
အစပ်စားပေးခြင်းက သွေးလည်ပတ်မှုတွေကိုကောင်းစေပါတယ်။
အရမ်းအလွန်အကျွံတော့မစားမိစေနဲ့ပေါ့။ အစပ်က သွေးဖိအားကိုပုံမှန်တိုင်း
ထားပေးနိုင်ပြီး နှလုံးနဲ့သွေးကြောစနစ်တွေကို ကောင်းမွန်လာစေပါတယ်။
သင့်တင့်လျောက်ပတ်တဲ့ အကျီ င်္မျိုးဝတ်ပေးပါ
အကျီ င်္ကျပ်ကြီးတွေကို အချိန်ကြာမြင့်စွာ မဝတ်ဖို့ ဆရာဝန်တွေတိုက်တွန်း
ထားပါတယ်။ ကျဉ်းကျပ်တဲ့ ဘောင်းဘီ (သို့) စကပ်တွေဟာ
မလွတ်မလပ်ဖြစ်စေပြီး ခြေသလုံးသွေးကြောထုံးခြင်းတွေဖြစ်စေနိုင်ပါ
တယ်။ ခန္ဓာကိုယ်အတွက် ပေါ့ပါးမှုရှိတဲ့အကျီ င်္မျိုးသာဝတ်ဆင်ပါလေ။
folic acid ပါဝင်တဲ့ အသီးအနှံ့တွေစားပေးသင့်
folic acid ပါဝင်တဲ့ အသီးအနှံ့တွေ စားသုံးပေးရင် သွေးဥနီအတွက်
အားကောင်းစေပြီး အားနည်းရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ folic acid အလုံလောက်မရှိရင် သွေးခဲတာမျိုးတွေဖြစ်နိုင်ပါတယ်။
ခြေထောက်ကို မကြာခဏမြှင့်တင်ပေး
သင့်ခြေထောက်ကို ခုံလက်တန်းပေါ်ပဲဖြစ်ဖြစ် အခြားအမြင့်တစ်နေရာသို့
မြှင့်တင်ပေးခြင်းက နှလုံးသွေးလည်ပတ်မှုကောင်းစေပါတယ်တဲ့။
ခြေထောက်မှာရှိတဲ့ သွေးကြောတွေကို ပေါ့ပါးစေပါတယ်။ အညောင်းလည်း
ပြေစေပါတယ်။
နှိပ်နယ်ပေးခြင်း
နှိပ်နယ်ခံခြင်းဖြင့် သွေးလည်ပတ်မှုတွေကောင်းစေတာကိုတော့ လူတိုင်း
သိကြမှာပါ။ သွေးကြောလေးတွေကို ပိုမိုအားကောင်းစေတယ်လို့ လေ့လာ
မှုအများစုမှာ တွေ့ရှိဖူးပါတယ်။ နှလုံးအားကောင်းစေဖို့အတွက်ဆိုရင်
ညှင်သာစွာပဲ နှိပ်နယ်ခံပေးတာအဆင်ပြေပါတယ်။ စာဖတ်သူတွေ
သိထားတာရှိရင်လည်း ကွန်မန့်မှာအကြံပြုပေးသွားနိုင်ပါတယ်နော် …။