အသစ်ထိုးထားတဲ့တက်တူးကြောင့် ပရိသတ်တွေအချစ်ပိုခဲ့တဲ့ EXO အဖွဲ့ဝင် Chanyeol

EXOအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chanyeol ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကိုထပ်ပြီး သိမ်းသွားပြန်ပါပြီ။ မကြာသေးခင်က Chanyeolက သူ့ရဲ့ အင်စတာဂရမ်မှာ ဓာတ်ပုံတစ်ပုံ တင်ခဲ့ပါတယ်။အဲ့ဒီဓာတ်ပုံထဲမှာတော့ ပရိသတ်တွေရဲ့ စိတ်ကိုဖမ်းစားနိုင်ခဲ့တဲ့ တက်တူး အသစ်လေးကိုမြင်တွေ့ခဲ့ရပါတယ်။

သူတို့အဖွဲ့ကိုအားပေးနေတဲ့ပရိသတ်တွေရဲ့ မျက်စိကလည်းလျင်လိုက်တာ။တက်တူးအသစ်လေးက 485 ပဲမြင်ရပေမဲ့ ပရိသတ်တွေက အဲ့ဒီတက်တူးဟာ L-1485 ဖြစ်မယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ အဲ့ဒီနံပါတ်လေးက ပရိသတ်တစ်ယောက်ရဲ့ ကွန်းမန့်အရ…

L-1485

L – EXOL
1 – We Are One
48 – 4.8 (april 8) EXO’s Anniv
85 – 8.5 (august 5) EXOLs Anniv
14.8.5 – EXOLs actual anniv date
485 – an angel number     လို့သိရပါတယ်။

EXO အဖွဲ့ ရဲ့  ၅နှစ်ပြည့် အမှတ်တရက ဧပြီလ ၈ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပြီး သြဂုတ်လ ၅ရက်နေ့က offical fan club စခဲ့တဲ့နေ့ဖြစ်ပါတယ်။EXO ပရိသတ်တွေကလည်းဒီနံပါတ်တွေရဲ့ ရည်ညွှန်းချက်ကိုသိကြလို့ ကျေနပ်ပီတိဖြာနေကြတယ်လို့သိရပါတယ်။Ko Ko Bop MTV ထဲမှာလည်း ကားနံပါတ်ကို L-1485 လို့ရေးထားတာမြင်တွေ့ရမှာပါ။ကဲ EXO ပရိသတ်တွေ အသည်းတွေအရည်ပျော်ကုန်ပြီလား ?

 

127 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.