နာမည်ကျော်ကိုရီးယားအဆိုတော်တစ်ယောက်ဖြစ်တဲ့ Goo Hara ဟာ သူမရဲ့ အသက် ၁၄နှစ်အရွယ်တည်းကမိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အသက် ၁၄နှစ်အရွယ်မှာမိဘတွေကကွာရှင်းခဲ့ကြပြီးသူမရဲ့ အဒေါ်အိမ်မှာပဲနေခဲ့ရတာပါ။
သူမဟာ ဆယ်ကျော်သက်အရွယ်သာရှိသေးပေမဲ့ အဲ့ဒီအချိန်မှာတည်းက နာမည်ကျော်စတား တစ်ယောက်ဖြစ်လာဖို့ကြိုးစားခဲ့ပါတယ်။သူမရဲ့ အိပ်မက်က နာမည်ကျော်အဆိုတော် တစ်ယောက်ဖြစ်လာဖို့ပါ။Goo Hara ဟာ သူမကိုအားပေးနှစ်သိမ့်မယ့်သူတွေမရှိပေမဲ့ သူမကိုယ်သူမ ထိန်းကျောင်းနိုင်ခဲ့ပါတယ်။ကျောင်းကပြန်လာပြီးတာနဲ့ သူမကသီချင်းဆိုလေ့ကျင့်ပြီး အိမ်ကိုညမှောင်မှပြန်လေ့ရှိပါတယ်။အိမ်ပြန်ရောက်တော့လည်းသူမရဲ့ အဒေါ်မိသားစုက အိပ်နေပြီဖြစ်တာကြောင့်ညစာကိုလည်းကိုယ့်ဘာသာပဲ ပြင်ဆင်စားခဲ့ရပါတယ်။
ပြီးရင်တော့သူမက ၀မ်းကွဲညီအစ်မတွေနဲ့အတူတူအိပ်တဲ့အိပ်ခန်းမှာ တိတ်တိတ်လေးနေပြီး စာလေ့လာခဲ့ရပါတယ်။”အစပထမပိုင်းမှာ သူမအတွက်အရမ်းခက်ခဲခဲ့ပါတယ်။ ဘယ်သူမှအားပေးမယ့်သူမရှိသလို သူမဖြစ်ချင်တာတွေမဖြစ်ရမှာစိုးလို့ အရမ်းစိုးရိမ်ပူပန်မှုတွေရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်ပိုပြီးကြိုးစားခဲ့ပါတတယ်။သူမက အရမ်းမွန်းကြပ်ပင်ပန်းနေပေမဲ့ သူမကိုယ်သူမ မရပ်တန့်နိုင်ခဲ့ပါဘူး”လို့ပြောပြခဲ့ပါတယ်။
သူမရဲ့ ပရိသတ်တွေကလည်း အခုလို Goo Hara ရဲ့ အကြောင်းကိုသိလိုက်ရလို့ သူမဘယ်လောက်ထိကြိုးစားခဲ့လဲဆိုတာကို အံ့သြတကြီးဖြစ်ခဲ့ရပါတယ်။ အသက်ငယ်ရွယ်တဲ့ အချိန်တည်းက ကိုယ့်အားကိုယ်ကိုးကြိုးစားလာခဲ့တာဖြစ်ပြီးအခုဆိုရင်သူမရဲ့ အသက်က ၂၆နှစ်ရှိနေပါပြီ။ Goo Hara ဟာ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာသလို မိန်းကလေးအဖွဲ့ Kara ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။