သဘာဝနည်းလမ်းအတိုင်း ကြက်ဥတစ်လုံးကိုအသုံးပြုပြီး ပေါင်းတင်ကြမယ်

သဘာဝနည်းလမ်းအတိုင်း အိမ်မှာတင်ပြုလုပ်လို့ရတဲ့
facial masks အမျိုးမျိုးအကြောင်းဖော်ပြပေးသွားမှာပါ။
အလှအပရေးရာအတွက် အသုံးဝင်ဆုံးပစ္စည်းတစ်ခု လူတိုင်းလိုလိုရဲ့
ရေခဲသေတ္တာထဲမှာရှိပါတယ်။ အဲ့ဒါကတော့ ကြက်ဥပါပဲ !

ကြက်ဥမှာ အရေပြားအတွက်အသုံးဝင်တဲ့ အံ့သြစရာစွမ်းရည်တွေ
ပိုင်ဆိုင်ထားပါတယ်။ facial masks အများစုမှာ ကြက်ဥရဲ့
အာနိသင်တွေပါဝင်ပါတယ်။

ကြက်ဥအကာက အရေပြားကိုကြည်လင်ဝင်းပလာစေပြီး
ကြက်ဥအနှစ်က ဗီတာမင် စီ၊ ပရိုတိန်းနဲ့ အာဟာရဓာတ်တွေပါဝင်
တဲ့အတွက် မျက်နှာအသားအရေအတွက်သင့်လျော်တဲ့ ကုန်ပစ္စည်းတစ်
ခုပဲဖြစ်ပါတယ်။ ကြက်ဥကို အသုံးပြုပြီးပေါင်းတင်နိုင်တဲ့ နည်းလမ်းလေး
တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.
Egg facial ကလွယ်ပါတယ်။ အခြားပစ္စည်းတွေ ထည့်စရာမလိုဘဲ
ကြက်ဥအနှစ်နဲ့သာ သင့်မျက်နှာကိုပေါင်းတင်ပေးဖို့လိုပါတယ်။
သန့်ရှင်းပြီးသား သင့်မျက်နှာပေါ်ကြက်ဥအနှစ်သုတ်လိမ်းပြီး
ခြောက်သွေ့အောင်ထားပါ။ ၅မိနစ်ကြာပြီးနောက် ကြက်သီးနွေးရေနဲ့
ဆေးချတဲ့အခါ မျက်နှာအရေပြားဟာ
နူးညံ့ပျော့ပျောင်းပြီး အစိုဓာတ်ပြည့်ဝနေပါလိမ့်မယ်။ သင့်မှာအချိန်
မလောက်တဲ့အခါ ဒီပေါင်းတင်နည်းက အဆင်ပြေစေပါလိမ့်မယ်။

၂.
ဒါလည်း အိမ်လုပ် facial masks နည်းတစ်နည်းပါပဲ။ ကြက်ဥအနှစ်
စားပွဲတင်ဇွန်း တစ်ဇွန်း၊ plain cream တစ်ဇွန်း နဲ့ မုန်လာဥအရည်
လိုအပ်ပါမယ်။ ပါဝင်ပစ္စည်းတွေအားလုံးရောပြီး သင့်မျက်နှာပေါ်
၅ – ၁ဝ မိနစ်ထိသုတ်လိမ်းထားပါ။ ခြောက်သွေ့သွားပြီဆို
ကြက်သီးနွေးရေနဲ့ ဆေးချပေးပါ။ မျက်နှာအသားရေပိုကောင်းချင်ရင်
ရေနွေးနဲ့ သစ်ပြီး ရေအေးနဲ့နောက်ဆုံးတစ်ခေါက်သန့်စင်ပေးပါက
ရလဒ်ကောင်းထွက်စေပြီး သွေးလည်ပတ်မှုကိုလည်းကောင်းစေပါ
တယ်။

၃.
နောက်ထပ် အိမ်လုပ်ပေါင်းတင်နည်းက အရမ်းထိရောက်မှုရှိပြီး
လွယ်ရလည်းလွယ်ကူပါတယ်။ ကြက်ဥတစ်လုံးနဲ့ ဂျုံမှုန့်ပဲလိုပါတယ်။
ကြက်ဥနဲ့ဂျုံမှုန့်အရောကို မျက်နှာမှာသုတ်လိမ်းပြီး ၅မိနစ်ကြာတာနဲ့
ရေနွေးနဲ့ဆေးချပေးပါ။ မျက်နှာအသားရေကြည်လင်လာပြီး
အမည်းစက်တွေ တဖြည်းဖြည်းလျော့သွားပါလိမ့်မယ်။

ဖော်ပြနည်းလမ်းတွေထဲက ကြိုက်နှစ်သက်ရာကိုအသုံးပြုနိုင်ပါတယ်။
ကြည်လင်တောက်ပ ရွှန်းစိုတဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.