နည်းပညာပိုင်းဆိုင်ရာအခက်အခဲကြောင့် Show ပွဲကိုရပ်ခဲ့ရတဲ့ Kanye West

untitled.png

ပြီးခဲ့တဲ့အပါတ်က Tempa မှာလုပ်တဲ့ show ပွဲတစ်ပွဲမှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေကြုံတွေ့ရတဲ့အတွက် Kanye West တစ်ယောက်ပွဲကိုရပ်တန့်ရတဲ့အထိဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ ငွေကုန်ကြေးကျခံပြီးလုပ်ထားတဲ့ show ပွဲကြီးမှာ ပြသနာတွေတက်ပြီး ဒေါသတွေထွက်ပြီး စင်ပေါ်ကဆောင့်ကြီးအောင့်ကြီးနဲ့ဆင်းသွားခဲ့ပါတယ်။ Tempa Bay Tribune သတင်းဌာနရဲ့အဆိုအရတော့ လေဆာမီးတွေက စုတ်ချာနေတယ်ဆိုပြီး West ကစောဒကတက်ခဲ့တယ်လို့ဆိုပါတယ်။

Show ပွဲမှာတာဝန်ယူတဲ့အဖွဲ့သားတွေဟာ lighting မှားပေးမိတဲ့အခါ၊ LED screen တွေကနေ အဖြူအမည်းသာလွှတ်ရမယ့်အစား အရောင်သုံးမိတဲ့အခါ နဲ့ မိုက်ကရိုဖုန်း effect တွေကို အချိန်ကိုက်မလုပ်ပေးနိုင်တဲ့အခါတိုင်း Kanye West ကဒေါသတကြီးပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

စင်ပေါ်မှာဖျော်ဖြေနေတုန်း deep voice effect မလုပ်ပေးတဲ့အတွက် “Laura” လို့အမည်ရတဲ့နည်းညာပိုင်းဆိုင်ရာတာဝန်ယူသူတစ်ဦး ကိုပြစ်တစ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

Kanye West ဟာသူ့ရဲ့တတိယမြောက်သီချင်းမှာ တစ်မိနစ်ခန့်ရပ်နားပြီး နည်းပညာပိုင်းဆိုင်ရာတွေအတွက် စောဒကတက်ခဲ့ပါတယ်။ ပြီးတော့စင်နောက်ကိုဝင်သွားပြီး စိတ်တည်ငြိမ်အောင်လုပ်ခဲ့ပါတယ်။ ပြီးမှ “Send It Up” သီချင်းနဲ့ show ကိုဆက်ပြီးဖျော်ဖြေခဲ့ပါတယ်လို့ The Tribune ကအစီရင်ခံထားပါတယ်။

Kanye West ကသူ့ရဲ့ထုံးစံအတိုင်းဒေါသတကြီး ကျယ်ကျယ်လောင်လောင်နဲ့ ၁၄မိနစ်ကြာအောင် ပြောဆိုနေပါတော့တယ်။ အဲဒီလိုပြောဆိုနေစဉ်အတွင်း West ကသူ့ကိုယ်သူ Wright ညီနောင်,  Thomas Edison, Steve Jobs နဲ့အခြား သူတွေနဲ့နှိုင်းယှဉ်ပြီးပြောဆိုခဲ့ပါတယ်။

Ref:starpulse

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.