ပြီးပြည့်စုံတဲ့ ပုံကောင်းတစ်ပုံထွက်လာဖို့ ဓာတ်ပုံဆရာရဲ့နေရာယူ
အချိန်အဆတွေအများကြီးလိုပါတယ်။ ကင်မရာကောင်းမရှိဘဲ
ပုံကောင်းမရနိုင်ဘူးလို့ တစ်ချို့ကပြောကြတယ်။ မှန်သင့်သလောက်
မှန်ပေမယ့် ကင်မရာကောင်းကြီးကိုင်ပြီး ပုံကောင်းမရိုက်တတ်ရင်
လည်းအလကားပဲပေါ့။ ဓာတ်ပုံဆရာရဲ့ အရည်သွေးနဲ့ ဖန်တီးမှုစွမ်း
ရည်တွေကို လျှော့တွက်လို့တော့မဖြစ်ဘူး။
ဘရာဇီး ဓာတ်ပုံဆရာ Gilmar Silva ဟာ သူ့ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့
တကယ်လက်တွေ့မှာရိုက်ဖို့ ပြင်ဆင်ခဲ့ရပုံတွေကို ယှဉ်ပြီးပြခဲ့တယ်။
သူ့ရဲ့လုပ်ဆောင်ပုံတွေကိုကြည့်ပြီး ဓာတ်ပုံဆရာတွေရဲ့အရည်ချင်း၊
ဖန်တီးမှုလက်ရာတွေကို ခံစားသိရှိနိုင်လိမ့်မယ်လို့ထင်ပါတယ်။
Gilmar Silva ရဲ့လက်ရာတွေကိုကြည့်ပြီး ဘယ်လိုနေရာမျိုးဖြစ်ဖြစ်
ဓာတ်ပုံထဲမှာ အရောင်သွေးစုံလင်တဲ့ နောက်ခံကားတစ်ခုနဲ့
ပုံရိပ်ကောင်းထွက်လာနိုင်အောင်ဖန်တီးနိုင်ကြောင်းသိမှာပါ။
သူ့မှာ ဖန်တီးနိုင်စွမ်းနဲ့ ဓာတ်ပုံအရည်ချင်းတွေအပြည့်အဝရှိတယ်လို့
ခံစားမိပါတယ်။ Silva ရဲ့လုပ်ဆောင်ချက်တွေကို ဘယ်လိုမြင်လဲ…
ထင်မြင်ချက်ပေးခဲ့ဦးနော် !