ကားစီးတဲ့အခါ ခေါင်းမူးတတ်၊အန်တတ်တဲ့သူတွေအတွက်အသုံးဝင်မယ့်နည်းလမ်းကောင်းများ

ကားစီးတဲ့အခါ ခေါင်းမူးလို့၊အန်တတ်လို့ စသဖြင့်ကားစီးတဲ့အခါ ဖြစ်တတ်တဲ့ပြဿနာလေးတွေ အနည်းအကျဉ်းရှိပါတယ်။ကားစီးတဲ့အခါဘာလို့ခေါင်းမူးရတာလဲ ?အန်ချင်ရတာလဲ? တကယ်တော့ ဒါကစိတ်နဲ့လည်းဆိုင်ပါတယ်။စိတ်က ကားစီးလို့မဖြစ်ဘူး။ကားစီးရင်အန်တတ်တယ် ၊ခေါင်းမူးတယ်ဆိုပြီးစိတ်ကစွဲနေတော့ တကယ်တမ်းကားစီးတဲ့အခါမှာလည်းခေါင်းမူး လာတတ်ပါတယ်။ အန်တတ်တဲ့သူဆို ပိုဆိုး။အစားလည်းကောင်းကောင်းမစားရပါဘူး။

အဲ့ဒါဆို ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ ? ကားစီးတဲ့အခါမှာသက်တောင့်သက်သာနဲ့ စီးနိုင်ဖို့နည်းလမ်းကောင်းလေးတွေကတော့…

၁) ကားမစီးခင် ရင်ပြည့်အောင်မစားပါနဲ့

ကားစီးရင်အန်တတ်လို့ အခုတည်းကအစာတွေအများကြီးစားထားမယ်ဆိုရင်အဆင်မပြေနိုင်ပါဘူး။ ကားမစီးခင် တစ်နာရီလောက်အလိုမှာတည်းက အစာစားတာတွေမလုပ်ပါနဲ့တော့။တကယ်လို့ အရမ်းဗိုက်ဆာနေတယ်ဆိုရင် ကားမစီးခင် ၂နာရီလောက်မှာ အာဟာရပြည့်ဝစေမယ့် အစားအစာတွေစားထားပါ။

၂)ရှူဆေးဘူးဆောင်ထားပါ

ကိုယ်က ကားစီးရင်ခေါင်းမူးတတ်တယ်ဆိုရင် ရှူဆေးဘူးလေးဆောင်ထားပါ။ရှုဆေးဘူးက ဆေးနံ့က သင့်ရဲ့ ခေါင်းမူးတာကိုသက်သာစေမှာပါ။ရှုဆေးဘူးဝယ်လို့ အဆင်မပြေဘူးဆိုရင် သံပုရာသီးလေးတစ်လုံးဆောင်ထားပါ။ပြီးရင် သံပုရာရနံ့ကိုရှုပေးပါ။

၃)သစ်သီးဝလံစားပါ

ခရီးဝေးသွားဖို့ပြင်ဆင်ထားတာဆိုရင် ပန်းသီး၊လိမ္မော်သီးတွေကိုအဆာပြေစားဖို့ဝယ်ထားပါ။ ပန်းသီး၊လိမ္မော်သီးက အန်ချင်စိတ်ကိုပြေပျောက်စေနိုင်ပါတယ်။ထမင်း၊ခေါက်ဆွဲစတဲ့အဆီပါတဲ့ အစားအစာတွေတော့မစားပါနဲ့။ပန်းသီး၊လိမ္မော်သီးနဲ့မတင်းတိမ်နိုင်ဘူးဆိုရင် ကိတ်ခြောက်နဲ့ရေသောက်ပေးနိုင်ပါတယ်။အစာအများကြီးစားလို့တော့မဖြစ်ပါဘူး။

၎)ပတ်ဝန်းကျင်ကိုကြည့်ပါ

ကားစီးရင်ခေါင်းမူးလို့အိပ်လိုက်မယ်ဆိုတဲ့အတွေးကိုဖျောက်လိုက်ပါ။ဖြတ်သန်းသွားလာနေတုန်း ပတ်ဝန်းကျင်အလှအပတွေ၊ရှုခင်းတွေကိုကြည့်ပါ။ကိုယ့်ရဲ့အရပ်ဒေသနဲ့မတူညီတဲ့အလှအပတွေ ၊နေရာတွေကိုလိုက်ကြည့်ပေးတာက ခေါင်းမူးတာကိုသက်သာစေပြီးစိတ်လန်းဆန်းစေပါတယ်။

၅)ကားစီးရင်းဖုန်းမကြည့်ပါနဲ့

ကားမူးတတ်တယ်၊အန်တတ်တယ်ဆိုရင် ကားစီးနေတုန်းဖုန်းသုံးနေတာကိုရပ်လိုက်ပါ။ ကားသွားနေတုန်း တစ်နေရာတည်းမှာခေါင်းငုံ့ပြီး အာရုံစူးစိုက်တာက ပိုပြီးခေါင်းမူးစေပါတယ်။ဖုန်းပြောစရာကိစ္စတွေ၊လုပ်စရာတွေပြီးရင်ဖုန်းကိုပိတ်ပြီး ပတ်ဝန်းကျင်ကိုကြည်ပေ့းပါ။

၆)သီချင်းနားထောင်ပါ

ကားစီးရင်းဖုန်းကြည့်လို့မရပေမဲ့ သီချင်းနားထောင်လို့ရပါတယ်။သီချင်းနားထောင်တာက စိတ်ဖိစီးမှုလျော့နည်းစေပြီး အန်ချင်တာကိုသက်သာစေပါတယ်။ မျက်လုံးမှိတ်ပြီးသီချင်းလေး နားထောင်နေရင်ခေါင်းလည်းမူးတော့မှာမဟုတ်ပါဘူး။

ကားစီးရင်မူးတတ်တယ်၊အန်တတ်တယ်ဆိုတဲ့လူတွေ ဒီနည်းလမ်းတွေအတိုင်းလိုက်နာကြည့်ပါ။ ရေရှည်အဆင်ပြေသွားပါလိမ့်မယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.