နိုဝင်ဘာ ၁၉ရက်နေ့၊လော့အိန်ဂျလိစ်က Microsoft Theater မှာကျင်းပခဲ့တဲ့ American Music Awards ဆုပေးပွဲကို BTS အဖွဲ့လည်းတက်ရောက်ခဲ့ပါတယ်။သူတို့အဖွဲ့ဟာ လတ်တလောလေးကမှလူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ DNA သီချင်းနဲ့စင်ပေါ်မှာဖျော်ဖြေခဲ့တယ် လို့သိရပါတယ်။
AMA ပွဲအပြီးမှာတော့ အင်တာနက်သုံးစွဲသူတွေရဲ့ရှာဖွေမှုအများဆုံးဟာ BTS အဖွဲ့ဖြစ်လာခဲ့ပါတယ်။သူတို့အဖွဲ့ကိုဝင်ရောက်ရှာဖွေတဲ့သူတွေဟာ တစ်သန်းကျော်တယ်လို့သိရပါတယ်။သူတို့အဖွဲ့ရဲ့  DNA ဖျော်ဖြေမှုက ပရိသတ်တွေကို အများကြီးဆွဲဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။AMA ပွဲဟာ အနုပညာရှင်ပေါင်းများစွာ တက်ရောက်လာတဲ့ပွဲဖြစ်တာကြောင့် သူတို့ရဲ့ အောင်မြင်မှုက ပိုပြီးကြီးမားလာခဲ့ပါတယ်။
အခုနောက်ပိုင်းမှာ BTS အဖွဲ့ဟာ ကမ္ဘာအနှံ့က နာမည်ကျော်Talk show တွေရဲ့ ကမ်းလှမ်းချက်ကိုရရှိခဲ့ပြီး မကြာသေးခင်က အမေရိကန် Talk Show တစ်ခုမှာပါဝင်ခဲ့သေးတယ်လို့သိရပါတယ်။ကေပေါ့ပ်အဖွဲ့တွေထဲမှာ BTS အဖွဲ့ဟာ Talk showမှာဖျော်ဖြေဖို့ ပထမဆုံးဖိတ်ခေါ်ခံရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ဆက်တိုက်ဆိုသလို အောင်မြင်မှုအရှိန်အဟုန်ကြီးလာတဲ့ BTS အဖွဲ့အတွက်ကေပေါ့ပ်ပရိသတ်တွေကလည်းကျေနပ် အားရလိမ့်မယ်ထင်ပါတယ်။