” Carambola or starfruit ” လို့ခေါ်တဲ့ ကြယ်သစ်သီးအကြောင်းသိကောင်းစရာ

Carambola or starfruit ကို ”Averrhoa carambola” လို့လည်း
သိထားကြပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား ၊ ဗီယမ်နမ်၊ နီပေါ ၊
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့အချို့ နိုင်ငံတွေမှာ အတွေ့များပါတယ်။
ထိုအသီးဟာ အရှေ့တောင်အာရှ ၊ အရှေ့အာရှအစိတ်ပိုင်းအချို့နဲ့
တောင်ပစိဖိတ်မှာ ရေပန်းစားပါတယ်။ သူ့အပင်က အပူပိုင်းဒေသ
တွေမှာပဲ ပေါက်လေ့ရှိပါတယ်။ အသီးဟာ ၅- ၁၅ စင်တီမီတာ (၂ကနေ ၆ လက်မ)ထိရှည်နိုင်ပြီး ဥပုံသဏ္ဍာန်ရှိပါတယ်။

starfruit နှစ်မျိုးရှိပါတယ်။ သေးတဲ့အသီးလေးတွေက နူးညံ့ပြီး
ခါးသက်သက်အရသာရှိကာ အသီးကြီးတွေကတော့ ချိုပါတယ်။

starfruit တွေက အာဟာရရှိပါတယ်။ starfruit တွေဟာ အလယ်လတ်
ဆိုဒ်လည်းရှိသလို အကြီးတွေမှာက ပိုပြီးအာဟာရဓာတ်ပိုများပါတယ်။
အမျှင်ဓာတ်၊ ပရိုတိန်း ၊ ဗီတာမင်စီ ၊ ဗီတာမင် 5 ၊ ဖောလိတ်၊ ပိုတက်
စီယမ် နဲ့ မဂ္ဂနီစီယမ်တို့ပါဝင်ပါတယ်။ starfruit မှာ ကယ်လိုရီဓာတ်
တော့ နည်းပါတယ်။(၉ဝ)ဂရမ်လောက်ရှိတဲ့ အလယ်လတ် starfruit ဆို ၂၈ကယ်လိုရီသာရှိပါတယ်။

starfruit မှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ဓာတ်တွေများစွာပါဝင်ပါတယ်။
အသည်းရောဂါ ရှိသူတွေနဲ့မတည့်ပါဘူး။ အသည်းရောဂါသည်တွေ starfruit ပုံမှန်စားရင် အသည်းပျက်စီးနိုင်ချေရှိကြောင်းသိရပါတယ်။ ပုံမှန်ကျန်းမာရေးကောင်းသူအတွက်ဆို
starfruit ကိုစားနိုင်ပါတယ်။

Source: Authority Nutrition

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.