ပရိသတ်တွေကြိုက်နှစ်သက်ကြတဲ့ Running Man အဖွဲ့ဝင်ဟောင်း ဂန်ဂယ်ရီဟာ အခုဆိုရင် ရင်သွေးလေးကိုပိုင်ဆိုင်ထားရပြီလို့သိရပါတယ်။ဂယ်ရီက သူ့ရဲ့ လက်ထပ်ပွဲတုန်းကလည်း ပရိသတ်တွေကိုအံ့သြစေခဲ့သလို လက်ထပ်ပြီး အခု ၇လမြောက်မှာလည်း ရင်သွေးလေးနဲ့ အံ့သြစေခဲ့ပါတယ်။
ဂယ်ရီက သူ့ရဲ့ အင်စတာဂရမ်မှာ “ဂျူနီယာဂယ်ရီ” “သူ့မှာသားလေးရှိနေပြီ”လို့ရေးခဲ့ပါတယ်။ ကလေးခြေထောက်ပုံလေးကိုလည်း တင်ပေးခဲ့ပါသေးတယ်။ဂယ်ရီက ဧပြီလမှာတုန်းက လက်ထပ်ခဲ့တာဖြစ်ပြီး ရင်သွေးလေးရဲ့ ပုံနဲ့သတင်းက ပရိသတ်တွေကိုဒုတိယ အကြိမ်အကြီးအကျယ် အံ့သြစေခဲ့တဲ့သတင်းတစ်ပုဒ်ပါပဲ။
ဂယ်ရီကသူ့ရဲ့ ဝါသနာပါရာဂီတအလုပ်တွေကိုလည်း ဖြည်းဖြည်းချင်းလုပ်နေတယ်လို့ သိရပါတယ်။ အခုဆိုရင် ကလေးအဖေလည်းဖြစ်လာပြီဆိုတော့ ပိုပြီးကြိုးစားရတော့မှာပါ။ဂယ်ရီရဲ့ ပရိသတ်တွေကလည်း ဂုဏ်ပြုစကားတွေအများကြီးပြောခဲ့ကြပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။