သွားခံတွင်း သန့်ရှင်းရေးကလည်း အလွန်အရေးကြီးပါတယ်။
တစ်နေ့ကို သွားနှစ်ခါတိုက်ပြီး ပီကေဝါးရုံနဲ့ မလုံလောက်ပါဘူး။
နေ့စဉ်ပုံမှန် ပုံမှန်သွားသောက်နေတာတောင် ခံတွင်းနံဆိုးတွေ
ရှိနေတတ်ပါတယ်။ ဘာကြောင့် ခံတွင်းနံဆိုးတွေထွက်ရလဲဆိုတဲ့
နောက်ကွယ်က အဖြေက …
ရေများများသောက်ပါ
ရေဆိုတာ ခန္ဓာကိုယ်ကို အမြဲအကျိုးပြုတဲ့အရာပါ။ လုံလောက်တဲ့ရေ
သောက်သုံးခြင်းက သင့်ရဲ့တံတွေးစီးဆင်းမှုကို လှုံဆော်ပေးနိုင်ပြီး
ရေဓာတ်ကုန်ဆုံးခြင်းကို လျော့ချပေးနိုင်ပါတယ်။
ကော်ဖီအလွန်ကျွံသောက်ခြင်း
မနက်ပိုင်းမှာ ကော်ဖီသောက်ခြင်းက ကောင်းတယ်လို့ အတော်များများ
က သိထားကြပါတယ်။ ဒါပေမယ့် အလွန်ကျွံတော့မသောက်ပါနဲ့။
ကဖင်းဓာတ်က တံတွေးထုတ်နိုင်ခြင်းကို နှေးကွေးစေပြီး
ပါးစပ်ကိုခြောက်သွေ့စေပါတယ်။ ခံတွင်းနံဆိုးကို ထွက်လာတတ်ပါ
တယ်။ နေ့လည်စာနဲ့ ညစာအတွင်း လက်ဖက်ရည်သောက်သုံးပေး
ုခြင်းက အကောင်းဆုံးပါပဲ။ လက်ဖက်စိမ်းဖျော်ရည်သောက်ပေးခြင်း
ကလည်း ကျန်းမာရေးကိုကောင်းစေပါတယ်။
သွားတုကို သန့်စင်ပါ
သွားတုကိုလည်း သင့်ရဲ့သွားလိုမျိုးသန့်စင်ပေးသင့်ပါတယ်။
သင့်ရဲ့သွားလိုမျိုး သူ့ကိုဂရုစိုက်ပေးဖို့လိုပါမယ်။ ညဘက်မှာ သူ့ကို
သန့်စင်ပေးခြင်းက ဘတ်တီးရီးယားတွယ်ကပ်မှုကိုတားဆီးပေးနိုင်ပါတယ်။
အစားစားပြီးတိုင်း ပိုးချည်မျှင်ဆောင်ပါ
အစားစားပြီးလို့ ပလုံကျင်းပေမယ့် အချို့အစားစာတွေဟာ သွားကြားထဲ
မှာညှက်နေတတ်ပါတယ်။ ထိုညှက်နေတဲ့အစားစာတွေဟာ သွားကြား
ထဲမှာ အချိန်ကြာလာတဲ့အခါ အနံ့အသက်မကောင်းဖြစ်လာတတ်ပါ
တယ်။ ဒါကြောင့် အစားစားပြီးတိုင်း ပိုးချည်မျှင်လေးနဲ့ သွားကြားကို
သန့်စင်ပေးသင့်ပါတယ်။
(၃)လတစ်ကြိမ် သင့်ရဲ့သွားပွတ်တံကို လဲပေးသင့်
အလုပ်ရှုပ်နေရင် အချိန်တွေကအကုန်မြန်လွန်းပါတယ်။ ကိုယ့်ရဲ့
သွားပွတ်တံကို ဘယ်လောက်ကြာကြာတိုက်နေမိလဲဆိုတာ သတိ
မထားမိတတ်ကြဘူး။ အချိန်အကြာကြီးသုံးစွဲနေမယ်ဆို ပါးစပ်ထဲကို
ဘတ်တီးရီးယားတွေ ပိုမိုကူးစက်လာတတ်ပါတယ်။ ဒါကြောင့်
ပုံမှန် (၃)လတစ်ကြိမ်လောက်တော့ လဲပေးသင့်ပါတယ်။
လျှာကိုလည်း သတိပြု
မနက်ပိုင်းသွားတိုက်တဲ့အခါ လျှာကိုလည်း သွားပွတ်တံလေးနဲ့
တိုက်ပေးသင့်ပါတယ်။ ခံတွင်းနံဆိုး ၇ဝရာခိုင်နှုန်းလောက်ကို
လျော့ကျစေတယ်လို့သိရပါတယ်။