အဖေဖြစ်သူနဲ့အတူ ကြော်ငြာရိုက်ကူးပေးနေတဲ့ ဂျူနီယာစီရော်နယ်ဒိုလေး

အသက် ၇နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Cristiano  Ronaldo Jr လေးက သူ့ရဲ့ အဖေဖြစ်သူစီရော်နယ်ဒိုနဲ့အတူ ကြော်ငြာရိုက်ကူးပေးနေတယ်လို့သိရပါတယ်။ ဂျူနီယာရော်နယ်ဒိုလေးက သူ့အဖေစီရော်နယ်ဒိုရဲ့ ကိုယ်ပိုင် brand ဖြစ်တဲ့ CR7 အတွက် ဂျင်းဘောင်းဘီ၊ရှပ်အကျီင်္၊ဂျက်ကက်တွေကို ၀တ်ဆင်ပြီးကြော်ငြာပေးနေတာဖြစ်ပါတယ်။

Cristiano  Ronaldo Jr လေးက ကင်မရာကိုလည်းမကြောက်ပဲ သူ့အဖေနဲ့အတူ ပို့စ်တွေပေးနေတာကိုပုံထဲမှာမြင်တွေ့ရမှာပါ။သူ့ရဲ့ အဖေဖြစ်သူကလည်း “Cristiano  Ronaldo Jr ဟာ ဒီလိုပုံစံဖက်ရှင်တွေကိုဝတ်ရတာကိုသဘောကျပါတယ်။ပြီးတော့ အမြဲတမ်းအဲ့လိုပုံစံလေးတွေပဲဝတ်တယ်”လို့ ပြောပြခဲ့ပါတယ်။

Cristiano  Ronaldo Jr က စီရော်နယ်ဒိုရဲ့ အကြီးဆုံးသားလေးလည်းဖြစ်ပြီး နိုဝင်ဘာလ ၁၂ရက်နေ့က သူတို့ရဲ့ ချစ်စရာသမီးလေးလည်းမွေးဖွားခဲ့တယ်လို့သိရပါတယ်။ စီရော်နယ်ဒိုနဲ့သားဖြစ်သူရဲ့အတွဲညီညီပို့စ်ပေးနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

 

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.