နိုဝင်ဘာ ၁၅့ရက်နေ့၊ဆိုးလ်မြို့၊Jamsil Gymnasium မှာကျင်းပခဲ့တဲ့ Asia Artist ဆုပေးပွဲအခမ်းအနားကို နာမည်ကျော်အနုပညာရှင်တွေများစွာတက်ရောက်ခဲ့ကြပါတယ်။
ဆုပေးပွဲမှာ မင်းသမီးချော Kim Hee sun က ၂၀၁၇အတွက်အကောင်းဆုံးသရုပ်ဆောင်ဆု Grand Prize ကိုရရှိခဲ့တယ်လို့သိရပါတယ်။အသက် ၄၀အရွယ်ဖြစ်နေပေမဲ့လည်းသူမရဲ့ သရုပ်ဆောင်စွမ်းရည်ကတော့ ကျမသွားသေးပါဘူး။ ဆုတံဆိပ်များစွာပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့အပြင်သူမရိုက်ကူးထားတဲ့တီဗီဇာတ်လမ်းတွေကလည်းအရမ်းနာမည်ကြီးခဲ့ပါတယ်။
Men of the Bath House ၊Propose ၊Wedding Dress ၊Forever Yours ၊Mister Q ၊Sunflower ၊Sad Love Story နဲ့Tomato စတဲ့ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တဲ့မင်းသမီးတစ်လက်ပါ။
၂၀၁၂ တုန်းက Lee Min Hoနဲ့တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Faith ဇာတ်လမ်းတွဲကလည်း တစ်မျိုးဆန်းသစ်ပြီး ပရိသတ်တွေအကြိုက်ဖြစ်ခဲ့တယ် ဆိုတာမငြင်းနိုင်ပါဘူး။၂၀၁၅ မှာလည်း Angry Mom ဇာတ်လမ်းတွဲကိုရိုက်ကူးထားပါသေးတယ်။
Asia Artist ဆုပေးပွဲမှာ မင်းသမီးချော Kim Hee sun နဲ့အတူ EXO အဖွဲ့ကလည်း ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံးအဆိုတော်ဆုကိုရရှိခဲ့တယ်လို့သိရပါတယ်။ အကောင်းဆုံး အဆိုတော်အဖွဲ့ဆု အပြင် D.O ကလည်း ပရိသတ်အကြိုက်များဆုံးမင်းသားတစ်ယောက် အဖြစ်ဆုရရှိခဲ့ပါတယ်။