လူတော်တော်များများက ဥရောပခရီးစဉ်ဆို လူသိများတဲ့မြို့တွေဖြစ်
တဲ့ ရောမ၊ ဘာစီလိုနာ နဲ့လန်ဒန်တို့လောက်ပဲ လည်ပတ်ဖို့စိတ်ဝင်စား
ကြပါတယ်။ အမှန်လည်း စိတ်ဝင်စားဖို့ကောင်းတဲ့မြို့တွေဖြစ်ပါတယ်။
အံ့သြစရာကောင်းတဲ့ သမိုင်းတွေ ၊ယဉ်ကျေးမှုတွေနဲ့ပြည့်နှက်နေတာ
ကြောင့် လည်ပတ်သင့်ပါတယ်။ ဒါပေမယ့် ပိုပြီးစိတ်ဝင်စားစရာ
ကောင်း၊ လည်ပတ်လို့ကောင်းတဲ့ ဥရောပခရီးစဉ်တွေရှိပါတယ်။
ဘယ်နေရာတွေဖြစ်မလဲဆိုတော့…
Heidelberg, Germany
Heidelberg မြို့က သာယာပြီး ရှုခင်းအလွန်လှတဲ့မြို့ဖြစ်ပါတယ်။
Odenwald တောင်ကြားက Neckar မြစ်ကမ်းပါးမှာ တည်ရှိပါတယ်။
ဂျာမနီမှာ ကြည်နူးစရာကောင်းတဲ့မြို့တစ်ခုဖြစ်ပြီး Heidelberg မှာ
စိတ်ဝင်စားစရာ သမိုင်းဝင်အဆောက်အုံတွေနဲ့ ရဲတိုက်ကြီးတွေရှိတာ
ကြောင့် သွားရောက်လည်ပတ်ဖို့ထိုက်တန်တဲ့ နေရာတစ်ခုလို့ထင်ပါတယ်။
Maastricht, the Netherlands
Maastricht ဟာ မယုံနိုင်စရာကောင်းလောက်အောင် လှပတဲ့
မြို့ဆိုတာ ရောက်ဖူးသူတိုင်းသိပါတယ်။ နယ်သာလန်သွားမယ်ဆိုရင်
တော့ ထိုမြို့လေးကိုလည်ပတ်ဖို့ အကြုံပြုချင်ပါတယ်။ အံ့သြစရာ
ကောင်းတဲ့ သမိုင်းကြောင်းတွေ၊ ဘုရားကျောင်းနဲ့ ခိုင်ခံ့တဲ့ နံရံကြီးတွေ။
Maastricht မှာ ဘားနဲ့ ခန့်ညားတဲ့ စားသောက်ဆိုင်ကြီတွေ္ဂရှိပါတယ်။
ခေတ်အဆက်ဆက် ယဉ်ကျေးမှုအမွေနှစ်ကိုထိန်းသိမ်းလာတဲ့ မြို့တစ်ခုဖြစ်ပါတယ်။
Valencia, Spain
အံ့သြစရာကောင်းတဲ့ ဗိသုကာလက်ရာတွေ၊ လှပပြီးကျယ်ပြန့်တဲ့
လမ်းတွေ၊ ရင်သပ်ရှုမောစရာ ဘုရားကျောင်း တွေစုဝေးရာ
မြို့တစ်ခုဖြစ်ပါတယ်။ Valencia က စပိန်ရဲ့တတိယအကြီးဆုံးမြို့တစ်
ခုဖြစ်ပြီး Valencia ပင်လယ်ကွေ့နားမှာတည်ရှိပါတယ်။ Ibiza and Palma de Mallorca တို့နဲ့လည်း အတော်လေးနီးပါတယ်။
အရမ်းမိုက်တဲ့ စားသောက်ဆိုင်တွေ၊ ညပွဲလမ်းသဘင်တွေနဲ့
ဗိသုကာအဆောက်အုံကြီးတွေ အများကြီးရှိပါတယ်။
Biarritz, France
Biarritz ကို ဥရောပရဲ့လှိုင်းဖြူမြို့တော်လို့ သိကြပါတယ်။
ခရီးသွားဧည့်သည်တွေကြား အလွန်ရေပန်းစားတဲ့ မြို့ဖြစ်ပါတယ်။
နပိုလီယံနဲ့ သူ့ရဲ့စပိန်အမျိုးသမီး Eugenie ရဲ့ အကြိုက်ဆုံး
အပန်းဖြေနေရာတစ်ခုဖြစ်ခဲ့ပြီး အခုထိလည်း ခရီးသွားရာသီဆို
ဟော်တယ်နဲ့ အပန်းဖြေအိမ်ရာတွေမှာ အလည်ပတ်လာသူတွေ
အပြည့်ပါပဲ။ ဥရောပသွားမယ်ဆို ဒီမြို့ကလည်းမဖြစ်မနေ သွားရောက်
လည်ပတ်သင့်တဲ့ မြို့တစ်ခုပါပဲ။
Gothenburg, Sweden
Gothenburg (သို့) Göteborg မြို့ကို လူတွေက အေးချမ်းတဲ့
မြို့လေးလို့လည်း ခေါ်ကြတယ်။ အထက်တန်းကျတဲ့ ဗိသုကာတွေ
ဟာ လမ်းတိုင်းလိုလိုမှာရှိပြီး မြို့ရဲ့ဘယ်နေရာကိုကြည့်ကြည့်
ထူးခြားနေတာလေးတွေကို မြင်တွေ့ရမှာပါ။ အလွန်ဖန်တီးမှုဆန်တဲ့
မြို့လေးလို့လည်း ပြောလို့ရပါတယ်။ ဝယ်ချင်စရာ ဈေးဆိုင်တန်းတွေ၊
လတ်ဆတ်တဲ့အစားစာတွေရနိုင်တဲ့ အထူးသဖြင့် ပင်လယ်စာကြိုက်
နှစ်သက်သူတွေအတွက် စားသောက်ဆိုင်အမိုက်စားတွေရှိပါတယ်။