မကောင်းတဲ့အတွေးတွေဝင်နေခြင်းဟာ ကင်ဆာရောဂါတစ်ခုလိုပါပဲ။
စိတ်ထဲမှာတစ်ချိန်လုံးစိုးမိုးနေပြီး သင့်ရဲ့တစ်နေ့တာအချိန်တွေကို
ဖျက်ဆီးနှောင့်ယှက်နေတဲ့ အရာတစ်ခုပါ။ အကောင်ဆုံးကတော့
အဲ့ဒီအတွေးတွေကို မြန်မြန်ချေမှုန်းလိုက်ပါ။ မကောင်းတဲ့အတွေးတွေ
ဘယ်လိုမြန်မြန်ချေမှုန်းပစ်မလဲဆိုတဲ့ နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
အောင်မြင်တဲ့လူတွေကပြောကြတယ်။ အောင်မြင်ခြင်းလိုချင်ရင်
အကောင်းမြင်နိုင်အောင်ကြိုးစားပါတဲ့။ အကောင်းဘက်ကလှည့်
တွေးကြည့်မယ်ဆို ကိုယ့်ဘဝဟာပိုပျော်ရွှင်စရာကောင်းပြီး
ပေါ့ပါးလာသလိုခံစားလာရလိမ့်မယ်။ ဒီလိုပဲ မကောင်းပဲမြင်နေမယ်
ဆိုရင်တော့ ဖြတ်သန်းရတဲ့နေရက်တွေဟာ မှောင်မိုက်နေပါလိမ့်မယ်။
ဒါကြောင့် မကောင်းတဲ့အတွေးတွေကို မြန်မြန်ချေမှုန်းလိုက်ပါဆိုတာ
အပြောက လွယ်ပေမယ့် တကယ်တမ်းလက်တွေ့မှာကျတော့ စိတ်ထဲရှိချင်နေတုန်းပါပဲ။
မကောင်းမြင်စိတ်ရှိလူတဲ့ဟာ အရာရာမှာနှောင့်နှေးတတ်ပါတယ်။
လုပ်ငန်းခွင်၊ သူငယ်ချင်းတွေကြား..ဆွေမျိုးမိဘအသိုင်းဝိုင်းတွေကြား
အမြဲ ပြဿနာဖြစ်နေလိမ့်မယ်။ အကောင်းမြင်တတ်ဖို့ကို လုပ်ယူရင်
ရပါတယ်။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် သူ့ဘက် ကိုယ့်ဘက်မျှတွေးကြည့်
မယ်ဆို နားလည်ပေးနိုင်စွမ်းလည်းရှိလာမယ်လို့ထင်ပါတယ်။
လူတိုင်းမှာအမှားရှိနိုင်ပါတယ်။ ကိုယ်,ကိုယ်တိုင်လည်းအမှားလုပ်
တတ်တဲ့လူမို့ အခြားလူက မှားတဲ့အခါနားလည်ပေးနိုင်အောင်
ကြိုးစားပါ။ ငါသာသူ့နေရာမှာဆို ဘယ်လိုလုပ်လိုက်မှာဆိုတဲ့
စကားလုံးတွေနဲ့ ဝင်ခံစားပြီးပြောတာတွေက အပြောသက်သက်သာ
ဖြစ်ပြီး တကယ်တမ်းလက်တွေ့ ကိုယ်တိုင်ခံစားရတဲ့အခါမှ သိလာရ
တာတွေ တစ်ပုံကြီးရှိပါတယ်။ ဒါကြောင့် ကိုယ့်နေရာ၊ ကိုယ့်အတွေးနဲ့
ပဲပြောမနေဘဲ တစ်ဖက်သားကိုမြင်အောင် ကြည့်တတ်ဖို့လိုပါတယ်။
မကောင်းတဲ့အတွေးတွေ မဝင်နိုင်အောင် ဖယ်ရှားပစ်တဲ့ နောက်
နည်းလမ်းတစ်ခုက ဝါဿနာပါရာအလုပ်ကို လုပ်နေခြင်းပါပဲ။
နှစ်သက်တဲ့ သီချင်းနားထောင်လိုက်တဲ့အခါ ၊ သူငယ်ချင်းတွေနဲ့
ဈေးဝယ်ထွက်၊ မုန့်သွားစားတဲ့အခါ စိတ်ခံစားချက်တွေ ပေါ့ပါးသွား
ပါလိမ့်မယ်။ အဓိကက အလုပ်ရှုပ်နေရင် မကောင်းတဲ့အတွေးတွေ
မဝင်နိုင်ဘူးဆိုတာပါပဲ။ ပျော်စရာပွဲစဉ်တွေရှိရင် ပျော်လိုက်ပါ…။
အလုပ်လုပ်ရင်လည်း မကောင်းတဲ့အတွေးတွေမဝင်နိုင်အောင်
လုပ်ပစ်လိုက်ပါ…”Life is too short…Stay Happy”ဆိုတဲ့
စကားလေးအတိုင်း တိုတောင်းလှတဲ့ဘဝမှာ
စိတ်ချမ်းသာဖို့က အဓိကမလား!