တရားဝင်လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ Lee Min Hoနဲ့ Suzy

ပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲလေးဖြစ်တဲ့ Lee Min Hoနဲ့Suzy တို့က တရားဝင် လမ်းခွဲလိုက်ပြီဖြစ်တဲ့အကြောင်းကိုသူတို့နှစ်ယောက်ရဲ့ အေဂျင်စီက အတည်ပြုပြောကြားခဲ့ပါတယ်။

JYP အင်တာတိန်းမန့်က “သူတို့နှစ်ယောက်လမ်းခွဲလိုက်ပြီဆိုတာမှန်ပါတယ်။အခုသူတို့ဟာ သူငယ်ချင်းကောင်းတွေအဖြစ်နေဖို့ဆုံးဖြတ်လိုက်ပါပြီ”လို့ပြောခဲ့ပါတယ်။

MYM အင်တာတိန်းမန့်ကလည်း “သူတို့ကမကြာသေးခင်ကလမ်းခွဲခဲ့ကြတာပါ။ လမ်းခွဲရတဲ့အကြောင်းအရာကတော့သူတို့ရဲ့ ကိုယ်ပိုင်အရေးကိစ္စဖြစ်တာကြောင့် အတိအကျမပြောနိုင်ပါဘူး။အဲ့ဒါကိုနားလည်ပေးပါ”လို့ပြောခဲ့ပါတယ်။

Lee Min Hoနဲ့Suzy တို့ဟာ ၂နှစ်နီးပါးကြာအောင်လက်တွဲခဲ့ကြတာပါ။ မကြာသေးခင်ကသူတို့နှစ်ယောက်ရဲ့ ၂နှစ်ပြည့်အမှတ်တရသတင်းတွေတောင် ထွက်ခဲ့ပါသေးတယ်။

ကမ္ဘာတစ်ဝန်းလုံးကပရိသတ်တွေကလည်း ချစ်ကြတဲ့မင်းသား၊မင်းသမီးဖြစ်တာကြောင့်သူတို့ရဲ့ အချစ်ရေးကိုလည်းအရမ်းစိတ်ဝင်စားကြပါတယ်။ Lee Min Hoက အင်တာဗျူးတွေမှာ သူရည်ရွယ်ထားတဲ့မိန်းကလေးပုံစံကိုပြောပြခဲ့သလို သူပြောတဲ့ပုံစံကလည်း Suzyကိုပဲရည်ရွယ်ပြောဆိုထားတာလို့သိရပါတယ်။

Suzy ကလည်း အင်တာဗျူးတစ်ခုမှာ “သူကတကယ့်ကိုနားလည်ပေးနိုင်ပြီးဂရုစိုက်တတ်တဲ့ သူတစ်ယောက်ပါ။ကြင်နာတတ်တဲ့နှလုံးသားရှိပြီးနွေးထွေးတာကြောင့် သူ့ကိုချစ်မိသွားတာပါ”လို့ဖြေခဲ့ပါတယ်။

အားလုံးကတော့သူတို့နှစ်ယောက်ရဲ့ ဇာတ်ကာရိုက်ကူးချိန်တွေများပြီး တွေ့ဆုံဖို့အချိန်မရှိတာကြောင့် လမ်းခွဲခဲ့ကြတာဖြစ်မယ်လို့ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ချစ်သူတွေဖြစ်ပြီး ဒိတ်လုပ်ရတဲ့ အချိန်ကိုမေးတဲ့အခါမှာလည်း Suzy က တစ်လကိုတစ်ခါပဲတွေ့ဆုံဖြစ်တယ်လို့ဖြေခဲ့ဖူးပါတယ်။

သူတို့နှစ်ယောက်ကလမ်းခွဲခဲ့ကြပေမဲ့သူငယ်ချင်းကောင်းတွေအဖြစ်ရှိနေဦးမှာပါ။ Lee Min Hoက အခုလောလောဆယ်မှာ စစ်မှုထမ်းဆောင်ချိန်ပြီးလို့ ပြည်သူ့ဝန်ထမ်းတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတယ် လို့သိရပါတယ်။ Suzy ကလည်း မကြာသေးခင်ကကျင်းပခဲ့တဲ့ Asia Artist Awards ပွဲကိုတက်ရောက်ခဲ့တာမြင်တွေ့ရပါတယ်။

 

 

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.