လူတွေအများကြီးရှိကြတဲ့အထဲမှာမှ လူအနည်းငယ်လောက်က တခြားသူတွေထက် အနည်းငယ်ထူးခြားနေတတ်ပါတယ်။သင့်မှာရော ဘယ်လိုထူးခြားတဲ့အသွင်အပြင်ရှိနေလဲဆိုတာ ကြည့်လိုက်ပါဦး။
၁။မျက်လုံးအရောင်မတူညီခြင်း
မျက်လုံးအရောင် တစ်ဖက်နဲ့တစ်ဖက်မတူညီတာက လူ ၁၀၀၀မှာ ၆ယောက်လောက်ဖြစ်ပွား တတ်ပါတယ်။အဲ့ဒါဟာ melanin ဆိုတဲ့ အမည်းရောင်ဒြပ်တစ်မျိုးနည်းပါးလို့ပါ။မင်းသမီး Mila Kunis နဲ့ နာမည်ကျော်အဆိုတော် David Bowie တို့မှာလည်း မတူညီတဲ့မျက်လုံးအရောင်တွေ ရှိတာကို သင်သတိထားမိမှာပါ။
၂။ဆံပင်သားကောက်ခြင်း
ဆံပင်ဖြောင့်တဲ့သူကကောက်ချင်ပြီးဆံပင်ကောက်တဲ့သူကဖြောင့်ချင်ကြတာ လူတိုင်းလိုလိုပါပဲ။ ဒါပေမဲ့သဘာဝအတိုင်းပဲထားတာအကောင်းဆုံးပါ။ကမ္ဘာပေါ်က နာမည်ကျော်ကြားသူ ၁၁ရာခိုင်နှုန်းလောက်က လှပတဲ့ဆံပင်ကောက်သားတွေရှိကြပါတယ်။
၃။မေးနှစ်ခွဖြစ်ခြင်း
မေးနှစ်ခွဖြစ်တာက အများအားဖြင့်ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသကလူတွေဆီမှာ အတွေ့ရများပါတယ်။မေးနှစ်ခွရှိတဲ့သူတွေကလည်း နာမည်ကျော်ကြားတဲ့သူတွေအများဆုံးပါ။ John Travolta ၊Adele ၊Eminem နဲ့အနုပညာရှင်တော်တော်များများမှာ မေးနှစ်ခွတွေ့ ရပါတယ်။
၎။မျက်ရစ်နှစ်ထပ်ဖြစ်ခြင်း
မျက်ရစ်နှစ်ထပ်ဖြစ်တာကတော့ ရှားပါတယ်။၅ရာခိုင်နှုန်းထက်တောင်နည်းပါးတယ်လို့သိရပါတယ်။ အမေရိကန်မင်းသမီးချော အဲလီဇဘတ်တေလာမှာ မျက်ရစ်နှစ်ထပ်ဖြစ်နေတာကိုမြင်တွေ့ရမှာပါ။ ရောဂါတစ်ခုမဟုတ်တဲ့အတွက်ဆေးဝါးလည်းမရှိပါဘူး။မျက်လုံးကိုတောင်ပိုပြီးလှပအောင် ပံ့ပိုးပေးနေတာပါ။
၅။မျက်လုံးအပြာရောင်ရှိခြင်း
ကမ္ဘာ့လူဦးရေရဲ့ ၈ရာခိုင်နှုန်းလောက်သာ မျက်လုံးအပြာရောင်ပိုင်ဆိုင်သူရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀ ခန့်၊၆၀၀၀ခန့်တုန်းကလူတွေမှာတော့မျက်လုံးအပြာရောင် ပိုင်ဆိုင်ထားကြတယ် လို့သိရပါတယ်။
၆။မျက်လုံးအမြင်အာရုံကောင်းမွန်ခြင်း
လူအများစုက အရောင်တစ်သန်းကျော်ကိုမြင်နိုင်စွမ်းရှိပါတယ်။ကာလာဘလိုင်းဖြစ်နေတဲ့သူတောင် ၁၀၀၀၀၀ ကျော်လောက်မြင်နိုင်ပါတယ်။ဒါပေမဲ့ Tetrachromacy လို့ခေါ်တဲ့အခြေအနေတစ်ခုကို ပိုင်ဆိုင်ထားတဲ့သူကတော့ အရောင် ၉၉သန်းကိုမြင်နိုင်စွမ်းရှိတယ်လို့သိရပါတယ်။
၇။ဆံပင်အနီရောင်ရှိခြင်း
ကမ္ဘာပေါ်မှာသဘာဝအတိုင်းဆံပင်အနီရောင်ကိုပိုင်ဆိုင်ထားတဲ့သူကနည်းပါးပါတယ်။ ကံလည်းကောင်းကြပါတယ်။ဘာလို့လဲဆိုရင်အနီရောင်နဲ့ဆို လူတော်တော်များများက မလိုက်ဖက်ကြပါဘူး။ဆံပင်အနီရောင်နဲ့လိုက်ဖက်တဲ့မျက်နှာကျပုံစံက ၂ရာခိုင်နှုန်းထက်တောင် နည်းပါတယ်တဲ့။