မင်းသား Kim Joo Hyuk ရဲ့ ကားအက်စီးဒင့်နဲ့ပတ်သက်ပြီး ရဲတွေက Black Box ကိုစစ်ဆေးခဲ့

အောက်တိုဘာ ၃၀ရက်နေ့က ကားအက်စီးဒင့်ဖြစ်ပြီးသေဆုံးသွားခဲ့တဲ့မင်းသားကြီး Kim Joo Hyuk ရဲ့ ကားမှာပါရှိတဲ့ Black Box ကို မကြာသေးခင်က ရဲတွေက စစ်ဆေးခဲ့တယ် လို့သိရပါတယ်။

Black box ထဲမှာ မင်းသားရဲ့ ကားက ယာဉ်အသွားအလာများတဲ့လမ်းမပေါ်မှာမောင်းနှင်နေခဲ့ပြီး ရုတ်တရက်လမ်းလည်ခေါင်မှာကားရပ်သွားခဲ့ပါတယ်။ခဏအကြာမှာ ကားကအရှိန်ပြင်းပြင်းနဲ့ လမ်းဘေးကိုချော်ထွက်သွားပြီး အဆောက်အဦးတစ်ခုရှေ့က လှေကားဆီကို ထိုးဆင်းသွားခဲ့တာကိုမြင်တွေ့ခဲ့ရတယ်လို့ ရဲတွေကပြောကြားခဲ့ပါတယ်။

National Forensic Servic  ရဲ့ ပြောစကားအရမင်းသား Kim Joo Hyuk ဟာ မူးယစ်ဆေးလည်းမသုံးစွဲထားသလို အရက်လည်းမသောက်ထားဘူးလို့ စစ်ဆေးတွေ့ရှိရပါတယ်။ ကျန်းမာရေးအခြေအနေကလည်းကောင်းမွန်တယ်လို့စစ်ဆေးတွေ့ရတဲ့အတွက် မတော်တဆမှုကို ဘာကြောင့်ဖြစ်မှန်းသေချာမသိကြသေးပါဘူး။အဲ့ဒါကြောင့် ရဲတွေကလည်းသေချာစုံစမ်းနေတယ်လို့ သိရပါတယ်။အနုပညာလောကမှကြယ်တစ်ပွင့်ဆုံးရှုံးသွားတဲ့အတွက်မိသားစုတွေကရော၊ အနုပညာမောင်နှမတွေကပါ အခုချိန်ထိဝမ်းနည်းမဆုံးဖြစ်နေကြပါတယ်။

710 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.