ကမ္ဘာတစ်ဝှမ်းက ထူးခြားဆန်းကြယ်သော သဘာဝတရားများ

တစ်ခါတစ်လေ လောကကြီးရဲ့သဘာဝလွန်ဖြစ်ရပ်တွေဟာ အစစ်
မှန်လို့ ယုံကြည်ဖို့အလွန်ခက်ခဲပါတယ်။ မြောက်မြားစွာသော
လျှို့ဝှက်ချက်တွေကို ဘုရားကလွဲရင်မသိနိုင်တော့ဘူးထင်ပါရဲ့။

ကမ္ဘာတစ်ဝှမ်းက ထူးခြားဆန်းကြယ်သော သဘာဝတရားတွေကို
ဖော်ပြပေးလိုက်ပါတယ်။

သြစတေးလျ လှိုဏ်ဂူကမြင်နေရတဲ့ ဆည်းဆာအလှ

https://www.instagram.com/p/BTQuptXAqxZ/

အောက်စီဂျင်နဲ့ နိုက်ထရိုဂျင် ဓာတ်ပြုပြောင်းလဲမှုကြောင့် ကောင်း
ကင်မှာ အဝါ- အစိမ်းစပ်နဲ့ အနီရောင် အလင်းတွေဖြာထွက်ကျနေ
တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ စကော့တလန်မှာဆို ကောင်းကင်
တစ်ခုလို ဒီလိုအလင်းထွက်နေတာကို မှတ်တမ်းတင်ခဲ့ဖူးပါတယ်။
ဒီလို အရောင်ကွဲတွေကို အခြားဂြိုလ်တွေဖြစ်တဲ့ Mars, Saturn နဲ့
Jupiter တို့မှာလည်း တွေ့မြင်ရပါတယ်။

လကြောင့်ဖြစ်တဲ့ သက်တန့်


ဒီလို သက်တန့်ဟာ လပြည့်နေ့မျိုးဆို ရေတံခွန်တွေနားမှာ ပေါ်လာ
လေ့ရှိတယ်လို့သိရပါတယ်။ အိန္ဒိယတွေရဲ့အယူအဆအရ ဒီလို
သက်တန့်ကိုမြင်တဲ့လူဟာ စိတ်ဝိဥာဏ်ရဲ့ဘာသာစကားကို
နားလည်နိုင်ပြီး ကံကောင်းခြင်းတွေသယ်ဆောင်နိုင်တယ်လို့သိရပါတယ်။

အရောင်ထွက်နေတဲ့ ကမ်းခြေ

View this post on Instagram

On photos – Glowing beach in the Maldives. There’s a beach way down in the Maldives that looks like something out of a science-fiction fairytale. It’s gorgeous, to say the least. The sight of thousands of glowing specks scattered along the beach’s sand is believed to be a mass mortality of these organisms that periodically occurs in the Maldives. Bioluminescent phytoplankton, on the other hand, react to any type of stress or change in tension, emitting light from their cells anytime something breaks the water: a wave, a kayak or even your hand. We’re calling it, informally, the “firefly effect.” #Glowingbeach #Maldives #Maldivesbeach #Maldivestrip #Maldivestravel #Maldives2017 #beautifulbeach #beautifulMaldives #travel #beautifullplanet #beautifullplaces #beautifulplaces #beautifulplanet

A post shared by Beautiful Planet (@beautiful_planet2018) on

ကြည့်လိုက်တာနဲ့ အလွန်လှပပြီး ရေထဲမှာ ကြယ်လေးတွေများ
ပေါလောမျောနေသလားလို့ တွေးထင်ရလောက်အောင်
ဆွဲဆောင်နိုင်တဲ့ ဒီကမ်းခြေဟာ လအရောင်လွှမ်းမှုကြောင့်
တဖိတ်ဖိတ်တောက်ပနေတာဖြစ်ပါတယ်။ တိမ်ကင်းစင်တဲ့နေ့တွေ
ဆို ကောင်းကင်နဲ့ ပင်လယ်ပြာဟာ တစ်သားတည်းရှိနေသလိုတောင် ထင်ရပါတယ်တဲ့။

သိပံ္ပပညာရှင်တွေ ရာစုနှစ်ပေါင်းများစွာလေ့လာနေတဲ့ မီးတောင် အလင်းရောင်

မီးတောင်ပေါက်ကွဲတဲ့အခါ ပေါ်လာတတ်တဲ့ အလင်းရောင်ကို
“dirty thunderstorm” လို့သာ အနည်းစုကသိထားကြပါတယ်။
ပြာအစပိုင်းလေးတွေနဲ့ မီးတောင်ရေနွေးငွေ့တွေ မကြာခဏ
ပေါင်းဆုံမိတဲ့အခါ လူတွေအတွက် အန္တရာယ်များတဲ့ကပ်ဘေးဆိုး
တစ်ခုဖြစ်လာနိုင်ပါတယ်။

နေလား လလား ?

နေရောင်ခြည်နဲ့ ရေခဲသလင်းကျောက်တွေပေါင်းဆုံတဲ့အခါ
လူသားတွေရဲ့မျက်လုံးကို လှည့်စားနိုင်ပါတယ်။ ကောင်းကင်ကနေ
နေရောင်အကွင်းလေး နှစ်ကွင်းဖြာထွက်နေရတာကိုတွေ့ရမှာပါ။
အဲ့ဒါကိုမကြာခဏ နေလား.. လလား.. UFOလားဆိုပြီး ထင်
ယောင်ထင်မှားဖြစ်ကြပါတယ်။

ဥပုံစံကဲ့သို့ ဆန်းကြယ်သော မှို


ပုံမှန်မဟုတ်တဲ့ မှိုဟာ အခြားဂြိုလ်က ဥပုံစံမျိုးနဲ့တူတယ်လို့ တင်စား
ပြောထားပြီး သူ့ရဲ့အဆင်းပုံစံကတော့ နည်းနည်းကြောက်စရာ
ကောင်းပါတယယ်။ လူတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ သိရပါတယ်။

မိုးကောင်းကင်က ဖြာထွက်နေတဲ့ အလင်းတန်းတွေ

သိပံ္ပပညာရှင်များကတော့ သစ်တောထဲကအလင်းရောင်တွေ
ဖြစ်တယ်လို့ ခန့်မှန်းယူဆထားပေမယ့် ထပ်မံလေ့လာဆန်းစစ်
နေဆဲဖြစ်ပါတယ်။

ဘောလုံးပုံစံ လျှပ်စီးတန်း

အခုချိန်ထိ ဘယ်သီအိုရီကမှ ထိုလျှပ်စီးတန်းရဲ့အရင်းမြစ်ကို ခုထိ
မဖြေရှင်းနိုင်သေးပါဘူး။ ဒါပေမယ့် ထူးဆန်းပြီး ကျယ်လောင်တဲ့
လျှပ်စီးတန်းဗီဒီယိုတွေတော့ အင်တာနက်ပေါ်မှာပိုပိုများလာပါတယ်။

ကနေဒါက မြစ်အစိမ်းရောင်


ထိုမြစ်ရဲ့အရောင်ကတော့ တကယ်ကိုအပြင်မှာလည်း အစိမ်းရောင်
ဖြစ်ပါတယ်။ ထူးဆန်းတဲ့ အခြေအနေမျိုးကြောင့် မြစ်ဟာ အစိမ်း
ရောင်သို့ပြောင်းပြီးနာရီအနည်းငယ်ကြာသည်အထိ ရေထဲရှိ
ငါးနှင့် အခြားသတ္တဝါတွေလည်း ဘယ်ထိခိုက်မှုမှမရှိကြောင်းတွေ့ရပါတယ်။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.