Glamour မဂ္ဂဇင်းရဲ့ ၂၀၁၃ ခုနှစ် sexy အကျဆုံးအမျိုးသား Henry Cavil

henry_cavil.jpg

Superman မင်းသား Henry Cavil ရဲ့သန်မာတဲ့ မေးရိုးနဲ့ အပြာရောင်ဖျော့ဖျော့ မျက်လုံးတွေက သူ့ကို U.K. က Glamour မဂ္ဂဇင်းရဲ့ ၂၀၁၃ sexy အကျဆုံးအမျိုးသားများစာရင်းမှာ ထိပ်ဆုံးကိုရောက်စေခဲ့ပါပြီ။

ဗြိတိသျှဖွားသရုပ်ဆောင် Cavil ဟာ လေးနှစ်ဆက်တိုက် ဒီစာရင်းရဲ့ထိပ်ဆုံးမှာ ရပ်တည်လာခဲ့တဲ့ “Twilight” မင်းသား Robert Pattinson ကိုဖြုတ်ချနိုင်ခဲ့တာပါ။

Cavil ဟာ The Count of Monte Cristo, Immortals နဲ့ The Cold Light Of Day ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မကြာမီထွက်တော့မယ့် ရုပ်ရှင် “Batman Vs. Superman” မှာ Ben Affleck နဲ့အတူသရုပ်ဆောင်ထားပါတယ်။

ဒီနှစ်ရဲ့အစောပိုင်းမှာ Cavil ဟာ “The Big Band Theory” Tv series သရုပ်ဆောင် Kaley Cuoco နဲ့ချစ်ကြိုးသွယ်ခဲ့တာဖြစ်ပါတယ်။

Ref:starpulse

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.