Lady Bird ဇာတ်ကားဟာ အမေရိကန် ဇာတ်မြူး ဒရာမာရုပ်ရှင်မျိုး
ဖြစ်ပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ Greta Gerwig မှရိုက်ကူးထားတာ
ဖြစ်ပါတယ်။ သရုပ်ဆောင်- Saoirse Ronan, Laurie Metcalf, Tracy Letts, Lucas Hedges, Timothée Chalamet, Beanie Feldstein, Stephen McKinley Henderson နဲ့ Lois Smith တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ အမေရိကန်မှာ နိုဝင်ဘာ (၃)ရက်နေ့က ထွက်ရှိတယ်လို့သိရပါတယ်။
၂ဝဝ၂ – ဝ၃ ခုနှစ်က ကျောင်းစာသင်နှစ်ကို အခြေခံရိုက်ကူးထား
တာဖြစ်ပြီး အထက်တန်းစီနီယာ Christine McPherson ဆိုတဲ့ကောင်မလေးကို
အားလုံးက ” Lady Bird” လို့ နာမ်စားသုံးခေါ်ကြတယ်။
သူမအမေနဲ့ သူမရဲ့ဆက်ဆံရေးအပြင် သူမဘဝထဲမှာရှိတဲ့
လူတွေက သူမကို ” Lady Bird” လို့ခေါ်ရတဲ့အကြောင်းရင်းအား
ရယ်စရာဟာသလေးတွေနဲ့အတူ အတုယူစရာ ဘဝသင်ခန်းစာ
လေးတွေကို စိတ်ဝင်စားဖွယ်ရိုက်ပြထားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းနမူနာလေး ဖော်ပြပေးလိုက်ပါတယ်။
https://www.youtube.com/watch?v=DbhdyOKcYC0