ဇာတ်ကားဈေးကွက်ဆိုတာထက် ဇာတ်ကားရိုက်ဖြစ် မရိုက်ဖြစ် ညှိုနှိုင်းနေရဆဲ ထိုင်း-မြန်မာဖက်စပ်ဇာတ်ကား

1471297_10202201631417329_1569528559_n.jpg

ADMA Media က စီစဉ်ရိုက်ကူးကာ ထိုင်းမင်းသား၊ မင်းသမီးတွေနဲ့အတူ မြန်မာနိုင်ငံက ဒိတ်ဒိတ်ကြဲ အဆိုတော်မင်းသား စိုင်းစိုင်းခမ်းလှိုင်အပြင် ရုပ်ရှင်အစည်းအရုံးဥက္ကဌ ၊ သရုပ်ဆောင်၊ ဒါရိုက်တာလူမင်းတို့ ပုံဖော်ရိုက်ကူးကြမယ့် ဇာတ်ကားအခြေအနေနဲ့ပတ်သက်ပြီး Sea Games လှုံ့ဆော်ရေးကဏ္ဍမှာ ပါဝင်လှုပ်ရှားနေတဲ့ သရုပ်ဆောင်ဇာနည်က ‘ထိုင်းမင်းသမီးနဲ့ ဇာတ်ကားရိုက်ဖို့အတွက် ကျွန်တော်တို့ အားလုံးညှိုနှိုင်းပြီးတော့ တိုင်ပင်နေကြပါတယ်။ လောလောဆယ် အစ်ကိုတို့ဘက်က ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းပိုင်းအတွက် သေသေချာချာ မပြောနိုင်သေးပါဘူး။  စိုင်းစိုင်းဆိုတာ ဂီတဘက်မှာရော၊ ရုပ်ရှင်ဘက်မှာပါအောင် မြင်နေတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့အရပ်အမောင်းကအစ နိုင်ငံတကာအဆင့်မီတဲ့အတွက်  ရွေးချယ် လိုက်ခြင်းဖြစ်တယ်။’လို့ ဇာနည်ကပြောပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သရုပ်ဆောင်ပညာအပေါ် သူ့ရဲ့အမြင်နဲ့ ဇာတ်ကားဈေးကွက်နဲ့ ပတ်သက်ပြီး မေးကြည့်လိုက်တဲ့အခါမှာတော့ ‘အိုက်တင်သဘောအရပြောရရင် Plus အိုက်တင်၊ minus အိုက်တင် ဆိုပြီးရှိတယ်။ သူ့ရဲ့အိုက်တင် က   Plus အိုက်တင် နဲ့ Minus အိုက်တင် ကြားမှာရှိတဲ့ အိုက်တင်မျိုးပေါ့။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး အများကြီးမျှော်မှန်းထားပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဈေးကွက်ဆိုတာထက် ဒီဇာတ်ကားရိုက်ဖို့အတွက်ကိုပဲ တော်တော်လေးကိုညှိုနှိုင်းနေရတုန်းပါပဲ’တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.