ဆေးဝါးတွေက ခဏတာအတွက်ပဲအဆင်ပြေပါတယ်။ ရေရှည်သုံးစွဲရင်
ခန္ဓာကိုယ်ကို ပိုမိုအားနည်းလာစေပါတယ်။ မျက်လုံးအားကောင်းလာ
စေဖို့အတွက် လိုက်နာသင့်တဲ့နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
၁။ တစ်နေ့လုံး မျက်လုံးအားစိုက်ပြီး လုပ်တာမျိုးတွေရှောင်ကျဉ်ပါ။
မိနစ်အနည်းငယ်လောက် မျက်လုံးကိုခဏမှိတ်ထားတာမျိုး
ဒါမှမဟုတ် ၂နာရီ ၃နာရီလောက်
ဆိတ်ငြိမ်တဲ့နေရာမျိုးမှာ အေးချမ်းစွာ အနားယူပါ။
၂။ ဖော်ပြပါ ပုံ(၁၆)ပုံက သင့်ရဲ့မျက်လုံးအားကို ပိုမိုကောင်းမွန်လာစေ
ရန် အထောက်ကူပြုပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ တစ်နေ့ချင်းစီ ပုံမှန်လုပ်ပေးသွားနိုင်ပါတယ်။
၃။ သင်ဟာ မျက်မှန်တပ်နေရသူဆိုရင် အတတ်နိုင်ဆုံး မျက်မှန်တပ်ရ
ချိန် လျော့ကျအောင်လုပ်ပါ။ မကြာခဏ မျက်မှန်ကိုချွတ်ပေးပါ။
၎။ မျက်လုံးနားတစ်ဝှိက်ကို အသာယာနှိပ်နယ်ပေးခြင်းဖြင့်လည်း
မျက်လုံးအားစိုက်မှုတွေကို ဖြေလျော့ပေးနိုင်ပါတယ်။
၅။ လေကောင်းလေသန့်ရှုဖို့ အပြင်ထွက်လမ်းလျှောက်တဲ့အခါ ကိုယ့်
မျက်စိရှေ့မှာရှိတဲ့အရာထက် မကြာခဏ အဝေးတစ်နေရာကိုကြည့်ပေးပါ။
၆။ တတ်နိုင်လျှင် မကြာခဏ မုန်လာဥနီဖျော်ရည်သောက်သုံးပေးပါ။
တစ်နေ့တစ်ခါ သောက်ပေးရင်အကောင်းဆုံးပါပဲ။
၇။ ညနေပိုင်းဆို သင့်မျက်လုံးကျိန်းစပ်စပ်ဖြစ်လာလျှင် မျက်စင်းခပ်ေ
ဆး သုံးမယ့်အစား ရှားစောင်းအနှစ်လေးကို မျက်လုံးတစ်ဝှိက်လိမ်းကျံ
ပေးပါ။ စိတ်မချရင် ဒီနည်းလမ်းကိုအသုံးမပြုခင် ဆရာဝန်ဆီမှာ
အကြံဥာဏ်သွားယူနိုင်ပါတယ်။
၈။ မျက်လုံးက ပင်ပန်းနေတယ်လို့ခံစားရရင် ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။
၉။ ကွန်ပျုတာ၊ တီဗီ (သို့) စမတ်ဖုန်းတွေကို အနည်းဆုံး ၂နာရီထက်
ပိုပြီး အိပ်ရာမဝင်ခင် ကြည့်တာမျိုးတွေမလုပ်သင့်ပါဘူး။
၁ဝ။ အိန္ဒိယလူမျိုး Trataka ရဲ့လေ့ကျင့်ခန်းက သင့်မျက်လုံးအားကို
ကောင်းစေမယ့်အပြင် စိတ်တည်ငြိမ်အောင်လည်းလေ့ကျင့်ပေးနိုင်ပါတယ်။
ဥပမာ- ဖယောင်းတိုင်ကိုပဲဖြစ်ဖြစ် ခပ်လှမ်းလှမ်းနေရာကနေ
စိုက်ကြည့်ပေးပါ။ မျက်တောင်မခပ်ပါနဲ့။ တတ်နိုင်သလောက်
ထိုဖယောင်းတိုင်ကို အချိန်ကြာကြာစိုက်ကြည့်ရပါမယ်။ စိုက်ကြည့်နေ
ရင်း စိတ်ထဲအခြားအကြောင်းအရာတွေးပေးခြင်းကို အာရုံပြောင်းပေးသလိုဖြစ်ပါတယ်။
မျက်ရည်ပူတွေကျလာရင် မျက်လုံးကိုခဏမှိတ်ပေးထားပြီး နောက်ထပ်
တစ်ခေါက်ထပ်ကြည့်ပေးပါ။ ဒီလေ့ကျင့်ခန်းကို မကြာခဏလုပ်ပေး
မယ်ဆို မျက်လုံးအားကောင်းပြီး ဓာတ်ပုံရိုက်တဲ့အခါပဲဖြစ်ဖြစ်
မျက်လုံးအကြည့်တွေက အသက်ဝင်စေတဲ့အပြင် စိတ်ကိုလည်းတည်ငြိမ်စေပါတယ်။