မိန်းကလေးတွေဟာ တစ်ခြားအရာတွေမှာသာ အကြိုက်ချင်းကွဲပြားတတ်ပေမဲ့ အများအားဖြင့် ဘယ်လိုယောက်ျားလေးမျိုးက အထာကျတယ်၊ ကြည့်လိုက်တာနဲ့ ဘယ်သူကစိတ်ထဲ တန်းရောက်သွားစေတယ် စတဲ့ ယောကျာ်းလေးပုံစံမျိုးလေးတွေကတော့ တူညီနေတတ်ပါတယ်။မိန်းကလေးတွေ သဘောကျတတ်တဲ့ ယောင်္ကျားလေးပုံစံတွေကတော့…
မိန်းကလေးတွေထက် ပိုပြီးအလှအပကြိုက်တဲ့ယောက်ျားလေးမျိုးဆိုရင်တော့ မိန်းကလေးတွေက ဝေးဝေးကရှောင်မှာသေချာပါတယ်။ယောကျာ်းလေးတွေက နည်းနည်း သပ်သပ်ရပ်ရပ်နေလိုက်တာ နဲ့ သူတို့ရဲ့ ဆွဲဆောင်မှုက ပေါ်လွင်လာပါတယ်။
၂။စကားပြောတဲ့အခါ အေးဆေးပြောတတ်သူ
စကားပြောတဲ့အခါမှာ လေသံတိုးတိုးလေးနဲ့ပြောတာထက်စာရင် မိန်းကလေးတွေက အသံကို တည်တည်ငြိမ်ငြိမ် ခပ်မှန်မှန်ပြောတတ်တဲ့ ယောင်္ကျားမျိုးကို ကောင်မလေးတွေကပိုပြီး သဘောကျကြပါတယ်။စကားပြောရင်အော်ပြောတတ်တဲ့ယောကျာ်းလေးတွေကို မိန်းကလေးတွေက သဘောမကျပါဘူး။
၃။တိရိစ္ဆာန်ချစ်တဲ့သူ
တိရစ္ဆာန်လေးတွေချစ်တတ်တဲ့ယောကျာ်းလေးတွေက ပိုပြီးစိတ်သဘောထားနူးညံ့တတ်ပါတယ်။ သူတို့ရဲ့ ချစ်သူမိန်းကလေးတွေအပေါ်မှာလည်း ကြင်နာလိမ့်မယ်လို့ထင်ကြလို့ မိန်းကလေးတွေက တိရစ္ဆာန်ချစ်တတ်တဲ့ယောက်ျားလေးတွေကိုသဘောကျတတ်ပါတယ်။
၎။ပတ်ဝန်းကျင်နဲ့အဆင်ပြေစွာပေါင်းသင်းဆက်ဆံတတ်သူ
နှုတ်ချိုရင် ဘယ်သူနဲ့မဆိုအဆင်ပြေပြေဆက်ဆံလို့ရပါတယ်။အဲ့ဒါကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်ပြေတဲ့သူ၊သဘောကောင်းတဲ့သူကို ကောင်လေးမျိုးဆိုရင်လည်း ကောင်မလေးတွေက သဘောကျတတ်ကြပါတယ်။
၅။ကိုယ်သင်းရနံ့ ရှိသူ
ဘေးနားကပ်ပြီး စကားပြောကြည့်လိုက်လို့ ကိုယ်နံ့သင်းသင်းလေး ရနေတတ်တဲ့ ဘဲမျိုးကို ကောင်မလေးတွေက သိပ်ကိုကြွေတာပါ။ ရေမွှေးတွေ အသားကုန်ဆွတ်ထားတာမျိုးလည်း မဟုတ်၊ ဒါမှမဟုတ် ချွေးနံ့တွေ တထောင်းထောင်းထွက်နေတာမျိုးလည်း မဟုတ်တဲ့ ကောင်လေးမျိုးပေါ့။ ကိုယ်သင်းရနံ့ကလည်း မိန်းကလေးတွေကိုအရမ်းဆွဲဆောင်နိုင်ပါတယ်။
၆။တစ်ခြားသူကို ကူညီပေးတတ်တဲ့သူ
ကိုယ်မှမဟုတ် တစ်ခြားသူတွေကို ကူညီတတ်တဲ့ ယောက်ျားမျိုးဆိုရင်လည်း ကောင်မလေးတွေက စိတ်ထဲကနေ ကြိတ်ပြီးမမ်းသာဂုဏ်ယူနေတတ်ကြပါတယ်။
၇။ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူ
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ရှေ့ကနေဦးဆောင်လုပ်သွားနိုင်တဲ့ယောက်ျားလေးမျိုးဆိုရင် မိန်းကလေးတွေက အားကိုးချင်ကြပါတယ်။ကိုယ်တိုင်လည်း ဦးဆောင်နိုင်ပေမဲ့ ရှေ့ကနေမားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့ယောက်ျားလေးကိုပိုပြီး သဘောကျတတ်ကြပါတယ်။