ဂျပန်နိုင်ငံမှာဖျော်ဖြေပွဲလုပ်နေတဲ့ CNBLUE အဖွဲ့ကို သွားရောက်အားပေးခဲ့တဲ့ EXO အဖွဲ့ဝင် Chanyeol

EXO အဖွဲ့ဝင် Chanyeol ကတော့ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေဖြစ်တဲ့ CNBLUE အဖွဲ့ရဲ့ ရှိုးပွဲကိုသွားရောက်အားပေးခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာ ၈ရက်နေ့က CNBLUE အဖွဲ့ဝင် Lee Jong Hyun က အင်စတာဂရမ်မှာ တင်ထားခဲ့တာပါ။ဓာတ်ပုံနဲ့အတူ”သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းက သူတို့ရဲ့ ဖျော်ဖြေပွဲကိုအားပေးဖို့ ကိုရီးယားကနေ ဂျပန်နိုင်ငံအထိလာခဲ့ပါတယ်။သူအရမ်းဝမ်းသာရပါတယ်”လို့ စာရေးခဲ့ပါတယ်။အဲ့ဒါအပြင် သူ့ရဲ့ သူငယ်ချင်း Jung Shinကိုလည်း လက်တွေကို ပေါ့ပေါ့ပါးပါးထားဖို့စနောက်ရေးခဲ့တာကိုမြင်တွေ့ရပါတယ်။

အခုရက်ပိုင်းအတွင်းမှာ CNBLUE အဖွဲ့က သူတို့ရဲ့  Starting Over ရှိုးပွဲကို ဂျပန်နိုင်ငံမှာသွားရောက်ဖျော်ဖြေနေတယ်လို့သိရပါတယ်။

 

682 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.