မြောက်အိုင်ယာလန် ဂေါက်ရိုက်သမား ရိုရီမက်အီလ်ရွိုင်းလ်အနေနဲ့ ပြီးခဲ့တဲ့ သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးတဲ့နောက် ၂၀၁၄ ခုနှစ်အတွင်း အကောင်းဆုံးလက်စွမ်းများနဲ့ ကမ္ဘာ့အဆင့်(၁)နေရာကို တိုက် ဂါးဝုဒ်ဆီကနေ ပြန်လည်လွဲပြောင်းရယူနိုင်ဖို့ အားခဲပြင်ဆင်နေပါပြီ။ ဒါပေမယ့် ဒီလိုပြင်ဆင်နေမှုများဟာ မထင်မှတ်ထားတဲ့ပြိုင်ဘက်တစ်ယောက်နဲ့ ယှဉ်ပြိုင်နေခဲ့ရလို့ ခဏရပ်ခဲ့ရပါတယ်တဲ့။ အဲဒီပြိုင်ဘက်က ကမ္ဘာကျော်မန်ယူတိုက်စစ်မှူး ၀ိန်းရူနီဖြစ်ပြီး သူတို့နှစ်ဦးက ကိုယ်ကျွမ်းကျင်တဲ့ အားကစားနည်းများနဲ့ တစ်မျိုးစီ(၁၈)ကျင်းပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ မက်အီလ်ရွိုင်းက သူ့ရဲ့ VRS Covert 2.0ဂေါက်ရိုက်တံနဲ့ ဂေါက်သီးကိုအဝေးဆုံးရောက်အောင် ရိုက်ချက်တွေပြင်းခဲ့သလို ၀ိန်းရဂူနီကလည်းပဲ သူ့အမှတ်အသား ဖြစ်တဲ့ Hypervenom ဘောလုံးဖိနပ်ကိုဝတ်ဆင်ပြီး Nike ရဲ့ နောက်ဆုံးပေါ်ဘောလုံးဖြစ်တဲOrdem ကို ကန်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုမျိုးထူးထူးခြားခြားပြိုင်ပွဲမျိုးကို အဆိုပါအားကစားသမား(၂)ဦးလုံးနဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုထားတဲ့ Nike ကနေ ၂၀၁၃ခုနှစ်အစောပိုင်းက ချက်ရှိုင်းယာအရပ်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး အခုမှ ထုတ်လွှင့်ပြသလာခဲ့ခြင်း ဖြစ်ပါတယ်။ မက်အီလ်ရွိုင်းဟာ မန်ယူပရိသတ်တစ်ဦးဖြစ်ပြီး ရူနီနဲ့လည်း အလွန်ခင်မင်ရင်းနှီးသော ဆက်ဆံ ရေးရှိသူဖြစ်ပါတယ်။ “ ၀ိန်းရူနီကို သဘောကျတာက ဘောလုံးကွင်းထဲမှာ သူဘယ်လောက်အထိကြိုးစားသ လဲဆိုတာကိုပါ။ ပွဲတိုင်းမှာပေါ့။ သူက တိုက်စစ်သမားဖြစ်ပေမယ့် နောက်ဆင်းပြီး ခံစစ်ကစားရမှာကို မကြောက် တတ်သူပါ။ ကလပ်အတွက်ရော နိုင်ငံ့လက်ရွေးစင်အတွက် မရှိမဖြစ်တစ်ယောက်ပေါ့လို့ မက်အီလိရွိုင်းကမှတ် ချက်ပြုခဲ့ပါတယ်။