နိုဝင်ဘာ ၁၅ရက်နေ့မှာကျင်းပမယ့် Asia Artist ဆုပေးပွဲကို နာမည်ကျော်မင်းသား တစ်ယောက်ဖြစ်တဲ့ Lee Joon Giက တက်ရောက်မယ်လို့သိရပါတယ်။မင်းသား Lee Joon Giဟာ ဒီနှစ်ထွက်ရှိထားတဲ့ Criminal Minds ဇာတ်ကားမှာပါဝင်ထားပြီး ပရိသတ်တွေရဲ့ အားပေးအသိအမှတ်ပြုမှုကိုထပ်ပြီးခံထားရသူဖြစ်ပါတယ်။
မင်းသား Lee Joon Giနဲ့ အတူ မင်းသား Lee Seung Gi ကလည်းတက်ရောက်မယ် လို့သိရပါတယ်။မင်းသား Lee Seung Gi ကတော့ အောက်တိုဘာ ၃၁ရက်နေ့ကမှ စစ်မှုထမ်းရာကပြန်လာခဲ့တာပါ။
နိုဝင်ဘာ ၁၅ရက်နေ့မှာကျင်းပမယ့်ဆုပေးပွဲကို တခြားနာမည်ကြီးမင်းသားမင်းသမီးတွေ အပြင်ကေပေါ့ပ်အဖွဲ့ဝင်တွေလည်းအများကြီးတက်ရောက်မယ်လို့သိရပါတယ်။ ဆုပေးပွဲကို Jamsil Indoor Stadium မှာကျင်းပသွားမှာဖြစ်ပြီး Super Junior အဖွဲ့ဝင် Leeteukနဲ့ မင်းသမီး Lee Tae Im တို့ကို စီစဉ်တင်ဆက်သူအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။