သင့်မှာ လေ့ကျင့်ခန်းလုပ်ဖို့အချိန်လုံးဝမရှိဘူးဆိုရင်တောင် ၀ိတ်ကျဖို့အကူအညီပေးနိုင်မယ့်နည်းလမ်းများ

လေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိဘူးဆိုတဲ့ပျိုမေတွေအတွက်ဒီနည်းလမ်းလေးတွေကိုပဲ သေချာဂရုတစိုက်လုပ်ပေးရင်အရင်ကထက်ကိုယ်ရေစစ်သွားမယ်ဆိုတာသေချာပါတယ်။

၁။အချိုအစားအစာတွေရှောင်ပါ

အချိုများတဲ့ကိတ်မုန့်၊ရေခဲမုန့်၊ချောကလက်စတဲ့အစားအစာတွေကသင့်ကိုဝိတ်တက်စေပါတယ်။ နေ့တိုင်းပုံမှန်စားဖြစ်နေတယ်ဆိုရင်ဒီနေ့ကစပြီးရှောင်ကြည့်ပါ။အချိုများတဲ့အစားအစာတွေက ကျန်းမာရေးကိုလည်းထိခိုက်စေပါတယ်။

၂။မနက်စာစားပါ

တစ်ချို့တွေကမနက်စာကိုမစားပဲနေ့လည်စာကျမှပေါင်းစားကြတာမျိုးတွေရှိပါတယ်။အဲ့ဒီအကျင့်ကိုဖျောက်ပြီး မနက်စားစားဖြစ်အောင်လုပ်ပါ။နောက်ကျမှ အိပ်ရာထလို့ မနက်စာမစားရဘူးဆိုရင် နောက်နေ့စောစောထပါ။မနက်စာစားမှခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို ပုံမှန်လည်ပတ်အောင် ကူညီပေးနိုင်မှာပါ။

၃။ရေများများသောက်ပါ

သတိရတိုင်းရေသောက်ပါ။ရေသောက်တာကသင့်ခန္ဓာကိုယ်ထဲကအညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။အစာမစားခင်ရေများများသောက်ပေးတာကလည်းအစာကိုနည်းနည်းပဲ စားဖြစ်စေပါတယ်။

၎။ပုံမှန်စားနေကျထက်ထမင်းကိုလျှော့စားပါ

များများစားရင်များများဝင်ပါတယ်။အဲ့ဒါကြောင့်နောက်တစ်နေ့ထမင်းစားတဲ့အခါ တစ်ဇွန်းစာစီနုတ်ပြီး လျှော့စားသွားပါ။ထမင်းထက် ဟင်းသီးဟင်းရွက်တွေ၊ ဟင်းချိုတွေများများထည့်စားပါ။အမျှင်ဓာတ်ပါဝင်တဲ့ဟင်းသီးဟင်းရွက်တွေက အာဟာရပြည့်ဝစေပြီး အစာစားချင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်။

၅။အဆီများတဲ့အစားအစာတွေလျှော့စားပါ

ဟမ်ဘာဂါ၊ကြက်သားကြော်၊ခေါက်ဆွဲ၊ပီဇာစတဲ့သရေစာတွေ၊အဆီများတဲ့အစားအစာတွေကို တတ်နိုင်သလောက်ရှောင်ပေးပါ။ဝိတ်လျှော့လိုက်၊စားလိုက်ဆိုရင်ဘာမှမထူးပါဘူး။

၆။သစ်သီးဖျော်ရည်သောက်ပါ

အပြင်သွားတဲ့အခါ ဆိုဒါအချိုရည်တွေသောက်မယ့်အစား သဘာဝအသီးအနှံ ဖျော်ရည်တွေကိုသောက်ပါ။ ဆိုဒါပါတဲ့အချိုရည်က ကိုယ်အလေးချိန်တက်စေပါတယ်။

၇။အချိန်မှန်အိပ်စက်ပါ

ညတိုင်း ၁၀နာရီအိပ်မယ်ဆိုရင် မနက် ၆နာရီထပါ။တစ်နေ့ကို ၈နာရီအိပ်ရင် လုံလောက်ပါတယ်။ နောက်ကျမှအိပ်ပြီးနောက်ကျမှထတာမျိုးက သင့်ကိုပိုပြီးဝစေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

သင့်ရဲ့ တစ်နေ့တာကိုဖြည်းဖြည်းချင်းပြောင်းလဲပြီး ဒီနည်းလမ်းတွေအတိုင်းလိုက်နာကြည့်ပါ။ အကျိုးထူးလာတာကိုမြင်တွေ့ရပါလိမ့်မယ်။

 

349 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.