ကိုရီးယားနိုင်ငံကကျောင်းသူလေးက ကင်ဆိုးဟွန်တက်နေတဲ့ကျောင်းကိုသိလားလို့ အင်တာနက်မှာမေးမြန်းခဲ့ပါတယ်။သူမက ဘာလို့သိချင်ရတာလဲဆိုတဲ့အကြောင်းကိုသိရင် သင်လည်းအံ့သြမိသွားမှာအမှန်ပါပဲ။
သူမကရှင်းပြပါတယ်။သူမသာ ကင်ဆိုးဟွန်တက်နေတဲ့ကျောင်းကိုသိရင် အဲ့ကျောင်းမှာလိုက်တက်ပါမယ်တဲ့။ပြီးတော့ သူမနဲ့သူငယ်ချင်းဖြစ်အောင်လုပ်မယ်။ ကင်ဆိုးဟွန်နဲ့သူငယ်ချင်းဖြစ်ရင် SHINee အဖွဲ့ထဲက မင်ဟိုနဲ့မိတ်ဆက်ခိုင်းပါမယ်တဲ့။
မင်ဟိုနဲ့သူငယ်ချင်းဖြစ်သွားရင် တေးမင်နဲ့ဆက်ပြီးမိတ်ဆက်ခိုင်းပါမယ်။ပြီးရင်တေးမင်က သူမကို Apink အဖွဲ့ထဲက နာအွန်းနဲ့မိတ်ဆက်ပေးပါလိမ့်မယ်။နာအွန်းနဲ့သူငယ်ချင်းဖြစ်ရင် အွန်းဂျီနဲ့လည်းခင်သွားပါလိမ့်မယ်။အွန်းဂျီနဲ့ခင်သွားရင် Seo In Guk နဲ့သိသွားပါလိမ့်မယ်။
အဲ့ဒီနောက် Seo In Guk က ဆိုဂျီဆပ်နဲ့သူမကိုမိတ်ဆက်ပေးပါလိမ့်မယ်။ဆိုဂျီဆပ်ကနေ ဂျီဆောင်၊ဂျီဆောင်ကနေ လီဘိုယောင်း၊လီဘိုယောင်းကနေလီဂျောင်ဆုတ်၊လီဂျောင်ဆုတ်ကနေ Girl’ Generatioinကနေ Hyoyeon၊Hyoyeon ကနေ ဂျက်စီကာ၊ဂျက်စီကာကနေ ခရစ်စတယ်၊ခရစ်စတယ်ကနေ ဆူလီ၊ဆူလီကနေ ဇီကို၊တစ်ဆင့်ပြီးတစ်ဆင့်မိတ်ဆက်ရင်း သူငယ်ချင်းဖြစ်သွားကြပါလိမ့်မယ်။
နောက်ဆုံးမှာသူမက Block B အဖွဲ့ဝင်အားလုံးနဲ့ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်သွား ပါလိမ့်မယ်တဲ့။အဲ့ဒါကြောင့် ကင်ဆိုးဟွန်တက်နေတဲ့ကျောင်းကိုမေးရတာဖြစ်တယ် လို့ရှင်းပြထားပါတယ်။
သူမရဲ့ အတွေးအခေါ်လေးက သူများတွေနဲ့မတူပဲတစ်မူထူးခြားနေပါတယ်။ပရိသတ်တွေရော ဒီလိုအတွေးလေးစဉ်းစားပြီး ကိုယ့်ရဲ့ Idol နဲ့ရင်းနှီးမှုရဖို့ မကြိုးစားချင်ဘူးလား?နာမည်ကျော် Idol တစ်ယောက်နဲ့ရင်းနှီးဖို့ဆိုတာမလွယ်ပေမဲ့သူမရဲ့ စဉ်းစားပုံလေးကတော့ အင်တာနက် သုံးစွဲသူတွေကြားမှာ ပျံ့နှံ့လာခဲ့ပါတယ်။သူမကံကောင်းပါစေလို့ မျှော်လင့်ပါတယ်။