တကယ်လို့များ မင်းမှာ ပါတီတက်ဖို့အစီအစဉ်ရှိတယ်ဆိုရင် ဘာဝတ်ရမလဲဆိုတာ အရင်စဉ်းစားမိမှာပဲ။ တဆက်တည်းမှာ လက်သည်းတွေကို ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။ ဒါမှ ပြီးပြည့်စုံတဲ့ ကြည့်ကောင်းမှုကို ရရှိမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုလဲ ယုံကြည်မှု ရှိနိုင်ပါလိမ့်မယ်။
ခရစ်စမတ်ပါတီတွေနဲ့ နယူးရီးယားပါတီတွေ ရောက်ဖို့ရာလည်း ရက်သတ္တပတ် အနည်းငယ် လောက်ပဲ လိုတော့တယ်လေ။ ကိုရီးယား နာမည်ကျော်တွေရဲ့ ပါတီ ရယ်ဒီ လက်တစ်စုံ ထိန်းသိမ်းနည်းကို လေ့လာကြည့်ရအောင်။
ပထမဆုံး ရှာဖွေ ရွေးချယ်ရမှာကတော့ moisturiser ပါတဲ့ hand creamတွေပါပဲ။ လက်သည်းရှခြင်း၊ အက်ခြင်းတို့မှ ကာကွယ်နိုင်ဖို့ hand cream ပမာဏ ခပ်များများကို လိမ်းပါ။ နောက်တစ်ဆင့်အနေနဲ့ လက်သည်းနီအရောင်ကို ရွေးချယ်ပါ။ လက်သည်းနီအရောင်ဟာ ခန္ဓာကိုယ် အတွက် accessories တစ်ခုသဖွယ် အကျိုးသက်ရောက်စေနိုင် တာကြောင့် ဂရုတစိုက် ရွေးချယ်ဖို့ လိုပါတယ်။ လက်သည်း ပညာရှင်တွေ ၊ ပုံဖော်သူတွေနဲ့ တိုင်ပင်ပြီး သွားလုပ်နိုင်ရင်တော့ အတိုင်းထက် အလွန်ပဲပေါ့။
လက်သည်းညှပ်မယ်ဆိုရင် ပုံစံသုံးမျိုးရှိပါတယ်။ လေးထောင့်မကျတကျ ပုံစံကတော့ လက်သည်းပုံတွေထဲမှာ အမြဲတမ်းအကောင်းဆုံးပါပဲ။ လေးထောင့်ကျကျ ပုံကတော့ လက်သည်း ရှည်လျားသူတွေနဲ့ သင့်တော်ပြီး အ၀ိုင်းပုံကတော့ မိန်းမဆန်တဲ့ အသွင်အပြင် ရစေပါတယ်။
ဒီလောက်ဆိုရင်တော့ ကောင်းမွန်ပြီး အရည်အသွေးပြည့်တဲ့ လက်တစ်စုံကို ပိုင်ဆိုင်နိုင်ပြီမို့ ယုံကြည်မှုရှိစွာ ပွဲတက်လို့ရပါပြီ။
Ref:herworldplus