ကမ်းခြေသွားပြီးရေမကူးပဲတော့နေကြမှာမဟုတ်ပါဘူး။ရေကူးတဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်ပြီး လှပနေမယ့်အသွင်အပြင်ကိုရရှိစေဖို့ ရေကူးဝတ်စုံကိုရွေးချယ်တတ်ဖို့လိုပါတယ်။ ရေကူးဝတ်စုံကလည်းသင့်ခန္ဓာကိုယ်ကိုအတန်အသင့်ပြောင်းလဲပေးနိုင်ပါတယ်။ ရေကူးဝတ်စုံဝယ်တော့မယ်ဆိုရင်ဒီအချက် ၅ချက်ကိုသတိရပါ။
၁။ကိုယ့်ခန္ဓာကိုယ်အချိုးအစားကိုသိပါ။
သင့်ခန္ဓာကိုယ်ပုံစံက သစ်တော်သီးပုံလား၊ပန်းသီးပုံလား၊သဲနာရီပုံစံလား၊ပေတံပုံစံလား ဆိုတာဆန်းစစ်ပါ။
၂။ရေကူးဝတ်စုံသီးသန့်ရောင်းတဲ့ဆိုင်ကိုရွေးချယ်ပါ
ရေကူးဝတ်စုံသီးသန့်ရောင်းတဲ့ဆိုင်မှာမှ ဆိုဒ်မျိုးစုံ၊အရောင်မျိုးစုံ၊ပုံစံမျိုးစုံရှိပါလိမ့်မယ်။
၃။အရောင်၊အသားကို ရွေးချယ်ပါ
ကိုယ်ကြိုက်တဲ့အရောင်ဖြစ်စေ၊ရေကူးတဲ့အခါပေါ်လွင်စေမယ့်အရောင်ကိုရွေးချယ်ပါ။ဝတ်စုံအသားကိုလည်း တစ်ခါရေထိတာနဲ့လျော့ရဲသွားမယ့်အသားမျိုးမ၀ယ်မိပါစေနဲ့။ အသားကောင်းကောင်းနဲ့ဝတ်ရတာသက်တောင့်သက်သာရှိတယ်လို့ခံစားရတဲ့ဝတ်စုံကိုရွေးချယ်ပါ။
၎။မှန်ကန်တဲ့ဆိုဒ်ကိုရွေးချယ်ပါ
ရေစိုရင်ကပ်သွားမှာပဲဆိုပြီး ခပ်ပွပွတွေမ၀ယ်ပါနဲ့။အဲ့ဒါက သင့်ကိုအရုပ်ဆိုးစေပါတယ်။ကိုယ်နဲ့အတိဖြစ်ပြီး လုံခြုံတဲ့အ၀တ်အစားမျိုးရွေးချယ်ပါ။ ၀တ်နေကျမဟုတ်ရင် အသားပေါ်နေတဲ့အခါ စိတ်သက်တောင့်သက်သာမဖြစ်စေပါဘူး။
၅။ကျွမ်းကျင်သူကိုမေးပါ
တစ်ခါမှရေကူးဝတ်စုံမ၀ယ်ဖူးဘူးဆိုရင်သေချာနားလည်တဲ့သူကိုမေးပါ။ဘယ်လိုရေကူးဝတ်စုံက ကောင်းမွန်ပြီးဈေးသင့်တင့်တယ်ဆိုတာကိုမေးပြီးမှ ၀ယ်ပါ။မမေးချင်ဘူးဆိုရင်လည်း အွန်လိုင်းကနေ ရှာပြီးလေ့လာကြည့်ပါ။