တရုတ်လူမျိုးတွေရဲ့ ရှေးဟောင်း အလှအပလျှို့ဝှက်ချက်တွေက ဘာများပါလိမ့် ?

တရုတ်လူမျိုးတွေဟာ အသားအရည်ကလည်းဖြူတဲ့အပြင် စိုပြည်ပြီး မျက်နှာမှာလည်း အစက်အပြောက်မရှိသလောက်ရှားပါတယ်။သူတို့ဆီမှာလွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ကျော်တည်းက အခုချိန်ထိလက်ဆင့်ကမ်းလာတဲ့အလှအပလျှို့ဝှက်ချက်တွေလည်းရှိတယ်လို့သိရပါတယ်။ အဲ့ဒီထဲကမှ တရုတ်လူမျိုးတွေအများဆုံးလုပ်ကြတဲ့အလှအပနည်းလမ်း ၆ခုကိုပြောပြပေးသွားပါမယ်။

၁။ဆန်ဆေးရည်

ဒီနေ့ခေတ်မိန်းကလေးအများစုက ဆန်ဆေးရည်နဲ့မျက်နှာသစ်ရင်အသားအရည်စိုပြည် ကြည်လင်စေတယ်ဆိုတာသိကြပါတယ်။ဆန်ဆေးရည်က မျက်နှာကြည်လင်စေရုံသာမက ချွေးပေါက်လည်းကျဉ်းစေလို့ အဆီပြန်တာသက်သာစေပါတယ်။ အဆီပြန်တတ်တဲ့သူတွေအတွက်ဆန်ဆေးရေက ဆေးတစ်လက်ပါပဲ။

၂။Camellia

Camellia ကပန်းတစ်မျိုးပါ။အဲ့ဒီပန်းနဲ့လုပ်ထားတဲ့ဆီကို ဆံပင်ကျန်းမာသန်စွမ်းစေဖို့ အတွက်သုံးပါတယ်တဲ့။ဆံပင်အရှည်လည်းမြန်စေပြီး ဗောက်တွေလည်းပျောက်စေတယ် လို့သိရပါတယ်။ပျော့ဆေးလိုမျိုးသုံးကြတာပါ။

၃။Mung Beans

ပဲတောင့်၊ပဲသီးအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။တရုတ်လူမျိုးတွေက အဲ့ဒီအသီးလေးတွေကို ထောင်း၊ရေလေးနဲ့ရောပြီးမျက်နှာမှာလိမ်းကြပါတယ်။mask အဖြစ်သုံးသလို နာရီဝက်ကြာတဲ့အခါ ရေနဲ့ဆေးချလိုက်ရင် ၀က်ခြံတွေပျောက်ကင်းစေတယ်လို့သိရပါတယ်။ ကျန်းမာရေးပစ္စည်းရောင်းတဲ့စတိုးဆိုင်တွေမှာ အဲ့ဒီအသီးအမှုန့် တွေကိုဝယ်လို့ရနိုင်ပါတယ်။

၎။အနှိပ်ခံတယ်

တရုတ်လူမျိုးတွေဆီမှာမျက်နှာအနှိပ်ခံတာဟာ အရမ်းကျော်ကြားပါတယ်။မျက်နှာအနှိပ်ခံတာက မျက်နှာအရေးအကြောင်းတွေလျော့ပါးစေပြီး အသားအရည်တောက်ပစေတယ်လို့ သူတို့ကယူဆကြပါတယ်။

၅။ပူစီနံ

ပူစီနံလို့ လူသိများကြတဲ့အရွက်ဟာ အသားအရည်ကိုကြည်လင်စေတယ်လို့ တရုတ်လူမျိုး မိန်းကလေးတွေက ပြောကြပါတယ်။သင့်ရဲ့ အသားအရည်ကိုကြည်လင်တောက်ပစေချင်ရင် ပူစီနံရွက်ကိုထောင်းပြီး ခန္ဓာကိုယ်ပေါ်မှာထူထူလေးလိမ်းပါ။နာရီဝက်လောက် ကြာရင်ရေနဲ့သန့်စင်လိုက်ပါ။ အရင်ကထက်ကြည်လင်တောက်ပတဲ့ အသားအရည်မျိုးရရှိလာပါလိမ့်မယ်။

၆။နနွင်းမှုန့်

နနွင်းမှုန့်ကိုတော့ အိန္ဒိယလူမျိုးတွေလည်းသုံးလေ့ရှိကြပါတယ်။တရုတ်လူမျိုးတွေက နနွင်းမှုန့်ကိုမျက်နှာပေါင်းတင်တဲ့အခါသုံးပါတယ်။နနွင်းမှုန့်က အရေးအကြောင်းတွေလျော့ပါးစေပြီး အသားအရည်ကိုလည်းညီညာချောမွတ်စေပါတယ်။နနွင်းမှုန့်နဲ့ပျားရည်အနည်းငယ်ကိုရောပြီးမျက်နှာမှာလိမ်းပါ။၁၅မိနစ်လောက်ကြာရင်ရေနဲ့ဆေးချပါ။အရင်နဲ့မတူတဲ့မျက်နှာအသား အရည်ကိုသင်မြင်ရပါလိမ့်မယ်။

387 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.