အနုပညာကြယ်တစ်ပွင့်ဖြစ်တဲ့ မင်းသားကြီး Kim Joo Hyuk ကားအက်စီးဒင့်ဖြစ်ပြီးသေဆုံးခဲ့

နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ Kim Joo Hyuk ဟာ အောက်တိုဘာ ၃၀ရက်နေ့က ကားအက်စီးဒင့်ဖြစ်ပြီးသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

တနင်္လာနေ့၊ညနေ ၅နာရီလောက်က ဆိုးလ်မြို့ Samseong-dong နားမှာဖြစ်သွားခဲ့တာပါ။ မင်းသားရဲ့ ကားနဲ့တခြားကားတစ်စီးတိုက်မိပြီး အနီးနားမှာရှိတဲ့ I-Park တိုက်ခန်းတွဲနေရာကို ထိုးဆင်းသွားခဲ့ပါတယ်။ပြင်းထန်လွန်းတဲ့ကားတိုက်မှုကြောင့်ကားအပေါ်ပိုင်းတစ်ခုလုံးကရစရာမရှိအောင်ပျက်စီးသွားခဲ့ပြီး မင်းသားကိုခက်ခဲစွာဆွဲထုတ်ခဲ့ရပါတယ်။ချက်ချင်းဆေးရုံကိုပို့ခဲ့ပေမဲ့ ဒဏ်ရာတွေများတာကြောင့် ညနေ ၆နာရီခွဲမှာသေဆုံးသွားခဲ့ပါတယ်။သူ့ရဲ့ မိသားစုကလည်း ၀မ်းနည်းကြေကွဲမဆုံးဖြစ်နေတယ်လို့သိရပါတယ်။

နာမည်ကျော်သရုပ်ဆောင်တစ်ယောက် ဖြစ်သလို အောင်မြင်နေတဲ့အဆိုတော်တစ်ယောက် လည်းဖြစ်ပါတယ်။အနုပညာလောကကြယ်တစ်ပွင့်ဆုံးရှုံးသွားတဲ့အတွက် အနုပညာမောင်နှမတွေကလည်း ကြေကွဲဝမ်းနည်းနေကြပါတယ်။

852 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.