သင့်အိတ်ထဲမှာ အမြဲတမ်းထည့်ထားသင့်တဲ့အဓိက ပစ္စည်း ၆ မျိုး

အပြင်သွားတဲ့အခါ အရေးတကြီးလိုအပ်လာရင်သုံးလို့ရအောင် သင့်အိတ်ထဲမှာအမြဲထည့်ထားသင့်တဲ့ပစ္စည်း ၆ မျိုးရှိပါတယ်။

ဘာတွေလဲဆိုတော့…

၁။အကိုက်အခဲပျောက်ဆေး

အပြင်သွားနေတုန်း ခေါင်းကိုက်တာ၊ဗိုက်နာတာတွေကြုံတွေ့ရတဲ့အခါ အလွယ်တကူဆေးလေး ထုတ်သောက်လို့ရအောင်ထည့်ထားဖို့လိုပါတယ်။တခြားသူတွေအကူအညီလိုတဲ့အခါလည်းပေးလို့ရနိုင်တာကြောင့်ဆောင်ထားသင့်ပါတယ်။

၂။နားကျပ်နဲ့ဖုန်း

သင့်ရဲ့စိတ်ကိုအပန်းဖြေအောင် နားကျပ်လေးတပ်ပြီးသီချင်းလေးနားထောင်နေလို့ရပါတယ်။ သီချင်းနားထောင်တာကစိတ်ပင်ပန်းတာကိုပြေပျောက်စေလို့သင်စိတ်ပင်ပန်းနေပြီဆို အချိန်မရွေးနားကျပ်တပ်ပြီးနားထောင်လို့ရအောင်အိတ်ထဲအမြဲထည့်ထားပါ။

၃။လက်သန့်ဆေးဂျယ်လ်

ဒါကတော့လူတိုင်းမရှိမဖြစ်ဆောင်ထားသင့်ပါတယ်။အပြင်သွားလို့တခြားသူတွေနဲ့ပြောဆိုဆက်ဆံရတဲ့အခါ၊ကားစီးတဲ့အခါမှာ လက်တွေကိုအသုံးပြုရတာဖြစ်တာကြောင့် သင့်ရဲ့လက်မှာပိုးမွှားတွေ ကပ်နေနိုင်ပါတယ်။အဲ့ဒါကြောင့်လက်ဆေးဖို့အဆင်မပြေတဲ့နေရာဆိုရင်လက်သန့်ဆေးဂျယ်လ်လေးနဲ့သန့်စင်လို့ရပါတယ်။

၎။အဆီစုပ်စက္ကူ

မိတ်ကပ်လိမ်းခြယ်ထားပြီဆိုရင်အချိန်ကြာလာတဲ့အခါ မျက်နှာအဆီပြန်တာ၊အဆီကွက်တာတွေဖြစ်လာနိုင်ပါတယ်။အဲ့ဒါကြောင့်အဆီစုပ်စက္ကူလေးဆောင်ထားမယ်ဆိုရင်အဆင်ပြေစေမှာပါ။

၅။ရေမွှေးပုလင်းအသေး

သင်းသင်းလေးမွှေးပျံ့တဲ့ရေမွှေးအမျိုးအစားကိုရွေးချယ်ဝယ်ယူပြီးဆောင်ထားသင့်ပါတယ်။ ရေမွှေးနံ့ပြယ်သွားတဲ့အချိန်ကျမှ အရေးကြီးတွေ့ဆုံစရာတွေရှိတဲ့အခါ အချိန်မရွေးထုတ်ပြီးဆွတ်လို့ရပါတယ်။လူဆိုးတွေနဲ့တွေ့လာရင်လည်း ရေမွှေးနဲ့မျက်လုံးကိုဖြန်းလိုက်ရင် သူတို့လက်ကလွတ်နိုင်ပါတယ်။

၆။ပိုက်ဆံ

ပိုက်ဆံကတော့ မပါမဖြစ်အရေးကြီးဆုံးအရာပါပဲ။မေ့ကျန်ခဲ့မှာစိုးရင် ညကတည်းကပြင်ဆင်ထည့်ထားသင့်ပါတယ်။ ပိုက်ဆံအိတ်ကိုလည်းသေချာဂရုစိုက်ဖို့လိုတယ်နော်။

177 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.