မနက်ဖြန်ကျင်းပတော့မယ့် Song Song စုံတွဲရဲ့ မင်္ဂလာပွဲမှာ ပီယာနိုနဲ့ဖျော်ဖြေတင်ဆက်ပေးမယ့် သူကတော့ မင်းသားချောလေး Park Bo Gum လို့သိရပါတယ်။သူ့ရဲ့ Blosson အင်တာတိန်းမန့်ကနေ ကြေညာခဲ့တာပါ။Park Bo Gum က Song Song စုံတွဲရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလေးပါတဲ့။
နောက်ထပ်တစ်ယောက်ကလည်းချန်ထားလို့မရပါဘူး။Song Joong Ki ရဲ့ အချစ်ဆုံးသူငယ်ချင်း Lee Kwang Soo ကတော့ မင်္ဂလာပွဲမှာ စာလွှာဖတ်ကြားပေးမှာဖြစ်ပါတယ်။
မင်းသမီး Song Hye Kyo ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ Yoo Ah In ကလည်း Lee Kwang Soo လိုပဲ ၀မ်းသာကြောင်း၊ဂုဏ်ယူကြောင်း စာလွှာဖတ်ကြားပေးမှာဖြစ်ပါတယ်။
ပရိသတ်တွေလည်းမနက်ဖြန်အတွက်ကြိုပြီးရင်ခုန်နေလောက်ပြီနော်။ အားလုံးမျှော်လင့်ထားကြသလို အောင်မြင်စွာနဲ့ပြီးဆုံးမယ့်မင်္ဂလာပွဲလေးဖြစ်လာမှာပါ။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။