အခုဆိုရင် ပရီးမီးယားလိဂ်ကလပ်အသင်းတိုင်း မျက်ကလဲဆန်ပြာဖြစ်တတ်ကြတဲ့ ဒီဇင်ဘာပွဲကြပ်ကာလဆီ ရောက်ရှိလို့လာခဲ့ပါပြီ။ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်လျက်ရှိတဲ့ အာဆင်နယ်အနေနဲ့လည်း ယနေ့ ညမှာ ဟားလ်စီးတီးအသင်းနဲ့ ကစားဖို့ရှိနေပြီး တနင်္ဂနွေနေ့ကျရင်လည်း အမ်းမရိတ်စ်ကွင်းထဲမှာ အဲဗာတန် ကိုဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲပြီးတဲ့အခါကျရင်လည်း (၃)ဂိုးပြတ်သာရှုံးခဲ့ရင် ချန်ပီယံလိဂ်(၁၆) သင်းရှုံးထွက်အဆင့်ကိုလွဲချော်စေနိုင်တဲ့ နာပိုလီကို အဝေးကွင်း အီတလီမြေပေါ်သွားကစားရမှာဖြစ်ကာ ပရီး မီးယားလိဂ်ပွဲစဉ်(၁၆)မှာဆိုရင်လည်း မန်စီးတီးကွင်းသွားကစားရဖို့ ရှိနေပါတယ်။ ဒါကြောင့် ၀င်းဂါးအနေနဲ့ ယနေ့ညကစားမယ့်ပွဲမှာ အာဆင်နယ်အဓိက ကစားသမားများဖြစ်ကြတဲ့ အိုဇေးလ်၊ ၀ီလ်ရှိုင်းယားနဲ့ ကီရင် ဂစ်ဘ်တို့ကို အနားပေးဖွယ်ရှိနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့(၂)ပွဲမှာ လူစားထိုးအဖြစ် ၀င်ရောက်ကစားခဲ့တဲ့ သီယိုဝဲလ်ကော့တ်အတွက် စက်တင်ဘာ(၁၈)နောက် ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်စာရင်းထဲပါဝင်လာနိုင်ပြီး နာချိုမွန်ရီရယ်ကလည်း ရှားရှားပါးပါးအခွင့်အ ရေးအဖြစ် ကီရင်ဂစ်ဘ်နေရာ ၀င်ကစားရဖို့ရှိနေတာဖြစ်ပါတယ်။ သောမတ်စ်ရိုဆစ်ကီနဲ့ မက်သယူးဖလာမီ နီတို့နှစ်ဦးလည်းပွဲထွက်ခွင့်ရလာနိုင်ပါတယ်။“ ရလာနိုင်တဲ့ ပင်ပန်းမှုတွေကြောင့် အလှည့်ကျစနစ်ကိုကျင့်သုံး ရမှာဖြစ်ပါတယ်။ အသင်းရဲ့ ဟန်ချက်ကိုလည်း ပျက်မသွားစေချင်ပါဘူး။ ပွဲတွေအများကြီးရှိနေချိန်မှာ အ ပြောင်းအလဲတော့ လုပ်မှဖြစ်မယ်။ နောက်ခံအစွန်နေရာတွေက ပြသနာအနည်းငယ်ရှိပါတယ်”လို့ ၀င်းဂါးက ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။