မကြာခင်မိဘတွေဖြစ်တော့မှာမို့ ပျော်နေကြတဲ့ မင်းသားချော Lee Dong Gun နဲ့ Jo Yoon Hee

အောက်တိုဘာ ၂၆ရက်နေ့က မင်းသား Lee Dong Gun ရဲ့ အေဂျင်စီက “Lee Dong Gun ရဲ့ အမျိုးသမီးဖြစ်တဲ့ မင်းသမီး Jo Yoon Hee ဟာ ကလေးမွေးဖွားဖို့တဖြည်းဖြည်းနီးလာပါပြီ။ သူတို့က ဒီနှစ်ကုန်ပိုင်းမှာဖြစ်စေ၊နောက်နှစ်အစမှာဖြစ်စေ မွေးဖွားမယ်လို့ခန့်မှန်းထားကြပါတယ်။ ကလေးက ယောက်ျားလေးလား မိန်းကလေးလားတော့ သေချာမသိသေးပါဘူး”လို့ ၀မ်းသာစွာပြောပြခဲ့ပါတယ်။

Jo Yoon Hee ရဲ့ အေဂျင်စီကလည်း “မင်းသမီးရဲ့ မွေးဖွားဖို့ရက်နီးလာပါပြီ။ဒါပေမဲ့ ကလေးက ယောက်ျားလေးလား မိန်းကလေးလားဆိုတာကိုတော့ အသေးစိတ်မပြောပြသေးပါဘူး”လို့ ကြေညာခဲ့ပါတယ်။

သူတို့စုံတွဲဟာ Laurel Tree Tailors ဇာတ်ကားမှာအတူတွေ့ဆုံခဲ့ကြတာပဲဖြစ်ပါတယ်။ မကြာခင်ရင်သွေးလေးမွေးဖွားတော့မှာဖြစ်လို့ နှစ်ယောက်လုံးကပျော်ရွှင်နေကြပါတယ်။

 

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.