သင့်ရဲ့ ဖုန်းကိုမြန်မြန်အားကုန်စေတဲ့အချက်တွေကဘာတွေဖြစ်မလဲ?

ဖုန်းကအားကုန်တာမြန်လိုက်တာဆိုပြီး သင်ခဏခဏရေရွတ်နေပြီဆိုရင် ဒီအချက်တွေကြောင့်လားဆိုတာဆန်းစစ်ကြည့်လိုက်ပါ။ သင့်ရဲ့ဖုန်းကိုခဏလေးနဲ့အားကုန်စေတဲ့အချက်တွေကတော့…

၁။ဖုန်းအားသွင်းပေါက်ကို မသန့်ရှင်းဘူး

ဖုန်းအားသွင်းပေါက်ထဲမှာလည်းချေးတွေကပ်နေတတ်ပါတယ်။သင့်ရဲ့ဖုန်းမျက်နှာပြင်ကိုသန့်ရှင်းရေးလုပ်ပေးသလိုအားသွင်းပေါက်ကိုလည်း နားကျပ်လေးနဲ့ဖြည်းဖြည်းချင်း သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

၂။Wallpaper ကိုတောက်ပအောင်ထားတယ်

ဖုန်းWallpaper တွေကို အရောင်တောက်တောက်တွေထားတာက ဖုန်းအားကိုလျော့နည်းစေပါတယ်။အဲ့ဒါကြောင့်wallpaper ကိုအရောင်ဖျော့တာတွေရွေးချယ်ထားသင့်ပါတယ်။

၃။လက်ထဲမှာအမြဲကိုင်ထားတယ်

သင့်ရဲ့ ဖုန်းကို အမြဲလက်ကကိုင်ပြီးသွားလာတာက ဖုန်းကိုပိုပြီးပူစေပြီး အားတွေလျော့သွားစေပါတယ်။

၎။ Auto Rotate ဖွင့်ထားတယ်

Auto Rotate ဖွင့်ထားတာက သင့်ရဲ့ ဖုန်းကိုလိုအပ်တာထက်ပိုပြီးအားကုန်စေ ပါတယ်။မလိုအပ်ပဲနဲ့ဖွင့်မထားပါနဲ့။

၅။ကိုယ်သုံးထားတဲ့ app ကိုသုံးပြီးမပိတ်ပဲ ဖုန်းပိတ်ခြင်း

ဥပမာ ဖေ့ဘွတ်သုံးထားပြီး ဖေ့ဘွတ်ခ်ကနေပြန်မထွက်ပဲ ဖုန်းကိုတစ်ခါတည်း ပိတ်လိုက်တာမျိုးပါ။ အဲ့ဒီအခါမှာဖေ့ဘွတ်ခ်ကိုပိတ်လိုက်တာမဟုတ်တာကြောင့်သူ့ရဲ့ လုပ်ဆောင်မှုကရပ်မသွားပဲ ဖုန်းပိတ်ပြီးတာတောင်ဆက်ပြီးလုပ်ဆောင်နေတုန်းပါ။အဲ့ဒါက သင့်ရဲ့ ဖုန်းအားကိုမြန်မြန် ကုန်ဆုံးစေပါတယ်။

၆။မလိုအပ်တဲ့ Wifi ၊GPS ၊Bluetoothဖွင့်ထားခြင်း

ဒါကတော့သတိမထားမိပဲ နှိပ်လိုက်မိရင်တောင် ဘာမှမဖြစ်လောက်ဘူးဆိုပြီးဖွင့်မထားပါနဲ့။ဖုန်းရဲ့ လုပ်ဆောင်ချက်တွေက သူ့အလိုလိုလုပ်ဆောင်နေတာကြောင့်ဖုန်းအားကိုလျော့နည်းစေပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.