ကင်ဆာရောဂါဖြစ်နေတဲ့ချစ်သူရဲ့ ဘေးမှာ အမြဲအားပေးကူညီပေးနေတဲ့ Shin Min Ah

မင်းသမီးချောလေး Shin Min Ah ဟာ သူ့ရဲ့ ချစ်သူဖြစ်တဲ့ မင်းသားချော Kim Woo Bin ရဲ့ ဆေးကုသမှုကာလတစ်လျှောက်လုံးမှာအမြဲအတူတူရှိနေပေးပြီး အားပေးနှစ်သိမ့်ပေးခဲ့တယ် လို့သိရပါတယ်။

သူတို့နှစ်ယောက်ဟာ ချစ်သူတွေအဖြစ်လက်တွဲလာတာ ၂နှစ်ကျော်နေပါပြီ။ ပရိသတ်တွေကလည်းသူတို့စုံတွဲကိုအရမ်းချစ်ကြပါတယ်။ ဒီနှစ်အစောပိုင်းမှာ Kim Woo Binက သူ့ရဲ့ ကင်ဆာရောဂါအကြောင်းကို ပရိသတ်တွေကိုကြေညာပြောပြခဲ့ပြီးဆေးကုသ မှုတွေလုပ်ခဲ့ပါတယ်။

ဆေးရုံစတက်ပြီးဆေးကုသမှုခံယူပြီးတည်းက Shin Min Ah က သူမအားတဲ့အချိန်တိုင်းဆေးရုံ ကိုလာပြီး နှစ်သိမ့်အားပေးခဲ့ပါတယ်။ မကြာသေးခင်ကလည်းပရိသတ်တစ်ယောက်က သူတို့နှစ်ယောက်ဟာ ဆေးရုံကိုအတူလာခဲ့ပြီး Shin Min Ah က ဘေးနားကနေ အားပေးနှစ်သိမ့်ပေးနေတာမြင်တွေ့ခဲ့ရတယ်လို့ပြောပြခဲ့ပါတယ်။

Shin Min Ah ကလည်း “Woo Bin ရဲ့ ဆေးကုသမှုမှာ သူမတတ်နိုင်သလောက်ကူညီအားဖြည့်ပေးသွားမယ်”လို့ပြောခဲ့ပါတယ်။

ပရိသတ်တွေက Woo Bin ကိုမြန်မြန်နေကောင်းအောင်အားပေးခဲ့ကြပြီး Shin Min Ah ကိုလည်း ကျေးဇူးတင်တဲ့အကြောင်းတွေရေးသားဖော်ပြခဲ့ကြပါတယ်။

 

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.