နော်ဝေးနိုင်ငံမှာ မကြာခင်ဖွင့်လှစ်တော့မယ့် ဥရောပရဲ့ပထမဆုံးရေအောက်စားသောက်ဆိုင်

နော်ဝေးနိုင်ငံ၊ပင်လယ်ကမ်းရိုးတန်းမှာ အစားအသောက်ကောင်းကောင်းတွေစားပြီး သဘာဝရှုခင်းတွေပါကြည့်လို့ရတဲ့စားသောက်ဆိုင်ဖွင့်တော့မယ်ဆိုတဲ့အကြောင်း ပြောပြချင်ပါတယ်။ကမ္ဘာပေါ်မှာပထမဆုံးရေအောက်စားသောက်ဆိုင်မဟုတ်ပေမဲ့ ဥရောပမှာတော့ပထမဆုံးပါ။

ရေအောက်အလှအပရှုခင်းတွေကို မျက်စိတစ်ဆုံးမြင်ရမယ့်အပြင် ရေအောက်သတ္တ၀ါလေးတွေကိုပါ မြင်တွေ့ရမှာပါ။ရေအောက် ၅မီတာအထိ နက်ပြီး နံရံတွေကလည်းရေမုန်တိုင်း၊လှိုင်းအကြီးတွေကိုပါခံနိုင်လို့စိတ်ပူစရာမရှိပါဘူး။

စားသောက်ဆိုင်က လူအယောက် ၁၀၀ကျော်သွားလာလှုပ်ရှားနိုင်တဲ့အကျယ်အ၀န်းရှိပါတယ်။ ရေအောက်စားသောက်ဆိုင်ဆောက်ထားတာက ဒီဇိုင်းအဆန်းတွေမို့လို့ လှည့်ပတ်ကြည့်ရှုရင်တောင် သင့်ကိုရင်သပ်ရှုမောဖြစ်စေမှာပါ။ အပြင်ကကြည့်ရင်လည်းပင်လယ်ထဲကိုတစ်ဝက်မြှုပ်နေတဲ့ဒီဇိုင်းဖြစ်ပြီး ရေအောက်အလှအပတွေကိုလည်းမထိခိုက်အောင်ဆောက်လုပ်မှာဖြစ်ပါတယ်။

စားသောက်ဆိုင်က အစားအသောက်တစ်ခုတည်းအတွက်တောင်မဟုတ်ပါဘူး။ ပင်လယ်နဲ့ပတ်သက်တဲ့သုတေသနလုပ်တဲ့သူတွေအတွက်လည်းလေ့လာလို့ကောင်းတဲ့ အဆောက်အဦးလည်းလုပ်ဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့ ဒါက ရေအောက်စားသောက်ဆိုင် ဒီဇိုင်းကိုသာ ပရိသတ်တွေကိုအရင်ချပြထားတာပါ။ စားသောက်ဆိုင်ကိုတော့၂၀၁၈၊ဖေဖော်ဝါရီမှ စပြီးဆောက်လုပ်မှာဖြစ်ပါတယ်။အဲ့ဒါကြောင့် ၂၀၁၉ထိတော့စောင့်ရဦးမှာပါ။ဘာပဲဖြစ်ဖြစ်ဖြစ် ခရီးသွားတဲ့အခါ လည်ပတ်ရမယ့်နေရာတစ်ခုတိုးလာတာအမြတ်ပါပဲ။၂၀၁၉မှာ နော်ဝေးနိုင်ငံကိုရောက်ရင်ဒီစားသောက်ဆိုင်ကိုသွားဖြစ်အောင်သွားဖို့မမေ့နဲ့နော်။

122 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.