သင်မသိသေးတဲ့ နည်းလမ်းတွေနဲ့ အသေးအဖွဲပြဿနာလေးတွေဖြေရှင်းရအောင်

တစ်ချို့နည်းလမ်းတွေက သင်တောင်ထင်ထားမှာမဟုတ်ပါဘူး။ဒါပေမဲ့ တကယ် အလုပ်ဖြစ်တယ်ဆိုတာ လက်တွေ့လုပ်ကြည့်ရင်သိနိုင်ပါတယ်။ဘာတွေလဲဆိုတော့…

၁။အက်စပရင်ဆေးတွေက ဂန္ဓမာ၊ဇော်မွှားပန်း၊သစ္စာပန်းနဲ့နှင်းဆီပန်းတွေကို ကြာကြာခံစေပါတယ် တဲ့။အက်စပရင်ဆေးတစ်ခြမ်းထည့်ထားရင် တစ်ပတ်လောက် လန်းလန်းဆန်းဆန်း ရှိနေစေမှာပါ။နှင်းပန်းတွေကိုကြာကြာခံစေချင်ရင်တော့ ဆားအနည်းငယ်ထည့် ထားပါတဲ့။ဒေလီယာ ပန်းတွေဆိုရင် ရှာလကာရည်နည်းနည်းထည့်ထားပေးပါ။အဲ့ဒါဆိုရင် ပန်းတွေကို တစ်ပတ်ကို သုံးလေးခါမလဲရတော့ဘူးပေါ့။

၂။အကျီမှာ ဆီတွေညစ်ပတ်သွားရင် ဆားအနည်းငယ်ဖြူးလိုက်ပါ။ခဏနေရင် ဆီကွက်နေတာပျောက်သွားပါလိမ့်မယ်။အရမ်းများရင်တော့ရေနဲ့သေချာသန့်စင်မှရပါမယ်။

၃။သင်ကြိုက်တဲ့လက်သည်းနီတွေခြောက်သွားပြီဆိုရင်နှမြောမိမှာအမှန်ပါပဲ။ဒါပေမဲ့ လက်သည်းဖျက်ဆေးရည်ရှိရင်ပူစရာမလိုတော့ဘူးနော်။ လက်သည်းဖျက်ဆေးရည်နည်းနည်းကိုကိုလောင်းထည့်ပြီးခဏနေရင်ဆိုးလို့ရပါပြီ။

၎။အောက်ခြေမှာမီးကျွမ်းထားလို့သုံးလို့မရတော့တဲ့ဒယ်ပိုင်းတွေကိုပွက်ပွက်ဆူနေတဲ့ ဆားရည်နဲ့ပြန်ပြီးသန့်ရှင်းပေးလို့ရပါတယ်။ဆားအနည်းငယ်ထည့်ပြီးပွက်ပွက်ဆူအောင် တည်ထားပါ။မိနစ် ၂၀လောက်ဆို မီးကျွမ်းထားတာတွေကွာကျသွားတာကိုမြင်ရပါလိမ့်မယ်။

၅။အာလူးက အင်းဆက်ပိုးမွှားတွေအကိုက်ခံရတဲ့ဒဏ်ရာတွေကိုသက်သာစေပါတယ်။ အာလူးကိုလိုအပ်သလောက်လှီးပြီး ဒဏ်ရာမှာကပ်ထားပါ။ အပေါ်ကနေပတ်တီး၊ပလာစတာကပ်ပေးထားရင် မြန်မြန်ပျောက်စေပါတယ်။

၆။ပေါင်မုန့်လှီးတဲ့အခါ အမှုန်အမွှားတွေမကျပဲသပ်သပ်ရပ်ရပ်လေးဖြစ်စေဖို့ မလှီးခင်မှာဓားကိုပွက်ပွက်ဆူနေတဲ့ရေနွေးထဲမှာခဏစိမ်ပါ။ပြီးမှလှီးပါ။

192 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.