စာမေးပွဲဖြေခါနီး စိတ်ဖိစီးမှုများတတ်တဲ့ပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ ?

ကျောင်းသူကျောင်းသားတိုင်းလိုလိုပါပဲ စာမေးပွဲနီးလာတဲ့အခါစာတွေမေ့သွားမှာ၊စာမေးပွဲဖြေနေ ရင်း ဘာမှမမှတ်မိတော့တာ စသဖြင့်အမျိုးမျိုးဖြစ်လာတတ်ပါတယ်။ တစ်ချို့ကျောင်းသူတွေဆိုရင် စာမေးပွဲဖြေခါနီးစိတ်ဖိစီးမှုများပြီးနေမကောင်းဖြစ်တာ ၊မေ့လဲတာတွေဖြစ်တတ်ပါတယ်။ အဲ့ဒီပြဿနာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းလေးပြောပြပေးချင်ပါတယ်။ နည်းလမ်းလေးကလည်းလွယ်လွယ်လေးပါ။နောက်လစာမေးပွဲဖြေမယ်ဆို ဒီလထဲကစပြီး လုပ်ပေးပါ။စာမေးပွဲနီးနေတဲ့သူတွေလည်း ဒီအချက်ေ်တွအတိုင်းလိုက်လုပ်ကြည့်ပါ။

၁။တစ်နေ့ကိုပုံမှန် ၇နာရီအိပ်ပါ

အိပ်ရေးမ၀တာ၊အိပ်ချိန်မမှန်တာတွေက သင့်ရဲ့ ဦးနှောက်စွမ်းရည်ကိုလျော့ကျစေပါတယ်။ အဲ့ဒီအခါမှာ စာတွေကိုအကြာကြီးကျက်လည်းမမှတ်နိုင်ပဲစိတ်ပဲညစ်လာပါလိမ့်မယ်။ အဲ့ဒါကြောင့်ဘာမှမတွေးပဲ ည ၁၀နာရီအိပ်ပြီး မနက် ၅နာရီထပါ။

၂။မနက်စောစော စာကျက်ပါ

တစ်နေ့ကို ၇နာရီအိပ်ချိန်အပြည့်အိပ်ပြီးမနက် ၅နာရီနိုးလာရင် လန်းဆန်းသွားအောင် မျက်နှာသစ်ရေချိုးပြီး ကိုယ်မပိုင်သေးတဲ့စာကိုအရင်ကျက်ပါ။မနက်စောစောစာကျက်တာက ပိုပြီးမှတ်မိလွယ်ပြီး စိတ်ကလည်းလန်းဆန်းနေတဲ့အတွက် စာတွေအများကြီးကျက်ဖြစ်ပါတယ်။ အနည်းဆုံးတစ်နာရီလောက်တော့ကျက်ပါ။အကြာကြီးကျက်ရင်လည်းခေါင်းတွေထုံသွား တတ်ပါတယ်။

၃။နေ့လည်ခင်းတရေးအိပ်ပါ

နေ့လည်ခင်းနာရီဝက်၊တစ်နာရီလောက်အိပ်ပေးတာက ဦးနှောက်မှတ်ဥာဏ်ကို တိုးတက်ကောင်းမွန်စေတယ်လို့လေ့လာသိရှိရပါတယ်။အဲ့ဒါကြောင့် တစ်ရေးလောက်အိပ်ပေးပြီး အိပ်ရာကနိုးလာရင်ရေချိုးသန့်စင်ပြီးစာကျက်ပါ။တစ်လဆိုတဲ့အချိန်က မနည်းသလိုမများလည်း မများပါဘူး။ ပုံမှန်လေးစိတ်ကိုလန်းဆန်းအောင်နေပြီးစာကျက်မယ်ဆိုရင် မှတ်မိလွယ်ပြီး ခဏလေးနဲ့စာရစေပါတယ်။

၎။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားပါ

အဆီများတဲ့အစားအစာတွေ၊သရေစာတွေလျှော့စားပြီး ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေများများစားပါ။အဆီများတဲ့အစားအစာတွေက စိတ်ကိုလေးလံထိုင်းမှိုင်းစေတဲ့အပြင် ကျန်းမာရေးနဲ့မညီညွတ်တဲ့အတွက်စာမေးပွဲနီးတဲ့အခါ နေမကောင်းဖြစ်စေပါတယ်။ ဟင်းသီးဟင်းရွက်တွေကကျန်းမာရေးအတွက်ကောင်းသလို အသားအရည်လည်း ကြည်လင်ဝင်းပစေပါတယ်။

၅။တရားထိုင်ပါ

ညအိပ်ခါနီး နာရီဝက်လောက်စိတ်ကိုတည်ငြိမ်အောင်ထားပြီးတရားထိုင်ပါ။တရားထိုင်ပေးတာက စိတ်ကိုအေးချမ်းစေပြီး ပူလောင်မှုတွေ၊စိတ်ဖိစီးမှုတွေလျှော့ချပေးပါတယ်။ မှတ်ဥာဏ်တွေကိုလည်း ပိုကောင်းလာစေပြီးစာကျက်တဲ့အခါမှာ အလွယ်တကူအာရုံစူးစိုက်လို့ရစေပါတယ်။

၆။စာမေးပွဲနီးမှ နေ့မအိပ်၊ညမအိပ်စာမကျက်ပါနဲ့

နေ့တိုင်းပုံမှန်စာလုပ်သွားမယ်ဆိုရင်စာမေးပွဲဖြေခါနီးမှာစိတ်ပူစရာမလိုပါဘူး။တကယ်လို့စာကျက်ဖို့အချိန်မရလို့ စာမေးပွဲဖြေဖို့တစ်ပတ်ပဲလိုတော့တယ်ဆိုရင် နေ့မအိပ်၊ညမအိပ်စာကျက်လည်း ခေါင်းထဲမှာ ဘာမှဝင်မှာမဟုတ်ပါဘူး။

အဲ့ဒါကြောင့်စာလည်းဘာမှမရသေးဘူး။ စာမေးပွဲကလည်းနီးနေပြီဆိုရင်အရင်ဆုံး ကိုယ်အလွယ်တကူ ရနိုင်မယ့်စာအတိုလေးတွေ၊အရေးကြီးတယ်ဆိုတဲ့စာတွေကို ဦးစားပေးကျက်ပါ။နည်းနည်းနဲ့အပိုင်ရအောင်ကျက်ပေးပါ။အဲ့ဒါမှစာမေးပွဲဖြေလို့ပါလာရင် မှတ်မိနေမှာပါ။ဟိုနည်းနည်းဒီနည်းနည်းကျက်နေရင် ဘာတစ်ခုမှမရပဲနေပါလိ့မ်မယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.