တစ်ချို့မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုမိန်းကလေးဖြစ်လို့အားမလိုအားမရဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ မိန်းကလေးဖြစ်ရတဲ့အတွက် သင့်ရဲ့စိတ်ကိုကျေနပ်ပျော်ရွှင်စေမယ့် အကြောင်းရင်းတွေလည်း ရှိပါတယ်။ ဘာတွေလဲဆိုတော့…
၁။မိတ်ကပ်လိမ်းခြယ်လို့ရခြင်း
မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုပိုလှအောင်၊ပိုပြီးယုံကြည်မှုရှိအောင် တစ်နေ့ပြီးတစ်နေ့ မျိုးစုံပြင်ဆင်ခြယ်သလို့ရပါတယ်။ယောကျာ်းလေးတွေကတော့ မိန်းကလေးတွေလောက်ပြင်ဆင်ဖို့ အခွင့်အလမ်းမရှိပါဘူး။
၂။ငိုလို့ရခြင်း
မိန်းကလေးတိုင်းမှာ ငိုဖို့အတွက်အကြောင်းပြချက်ပေးစရာမလိုပဲငိုလို့ရပါတယ်။ ဘယ်နေရာ၊ဘယ်အချိန်ပဲဖြစ်ဖြစ် အချိန်မရွေးငိုဖို့အခွင့်အရေးရှိပါတယ်။ပျော်တဲ့အခါ မျက်ရည်ကျနိုင်သလို ၀မ်းနည်းတဲ့အခါ၊နာကျင်တဲ့အခါမှာလည်း စိတ်ခံစားချက်ကိုဖော်ပြ လို့ရပါတယ်။
၃။ဖိနပ်အမြင့်တွေစီးလို့ရတယ်
ဘယ်လောက်ပဲအရပ်ပုတဲ့မိန်းကလေးဖြစ်စေ အရပ်ကိုပိုမြင့်သွားစေဖို့ ကြိုက်ရာဒေါက်ဖိနပ်အမြင့်တွေကိုစီးလို့ရပါတယ်။ ဒါကတော့မိန်းကလေးတွေသာ ရနိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ။
၎။မိန်းကလေးတွေက တစ်ချိန်တည်းမှာအလုပ်တစ်ခုထက်ပိုပြီးလုပ်နိုင်တယ်
မိန်းကလေးတွေက တစ်ချိန်တည်းမှာဖုန်းပြောနိုင်တယ် ၊နှုတ်ခမ်းနီဆိုးနိုင်တယ်၊ ထမင်းဟင်းချက်နိုင်တယ်၊ကလေးတွေကိုထမင်းကျွေးနိုင်တယ်စသဖြင့်အလုပ်တစ်ခုထက် ပိုပြီးလုပ်နိုင်တာက မိန်းကလေးဖြစ်ရတာအားသာချက်တစ်ခုပါပဲ။
၅။ကလေးတွေချစ်တာခံရတယ်
ယောကျာ်းလေးနဲ့မိန်းကလေးနှစ်ယောက်ထဲမှာ ကလေးတွေကမိန်းကလေး ကိုပိုပြီးတွယ်တာ ချစ်ခင်ကြပါတယ်။ကလေးတွေက မိန်းကလေးတွေဟာပိုပြီးညင်သာပြီးစိတ်ရှည်တယ်၊ သူတို့ကိုဂရုစိုက်နိုင်တယ်ဆိုတာသိကြပါတယ်။
၆။မိန်းကလေးတွေက ယောက်ျားလေးဂျင်းဘောင်းဘီ၊အကျီင်္တွေဝတ်လို့ရတယ်
ဒါကလည်းအားသာချက်တစ်ခုပါပဲ။မိန်းကလေးတွေက ယောက်ျားလေးဝတ်ဘောင်းဘီတွေ၊ အကျီတွေကို အလွယ်တကူဝတ်လို့ရပါတယ်။ယောက်ျားလေးတွေကတော့ မိန်းကလေးအကျီဘောင်းဘီတွေကိုဝတ်လို့မရနိုင်ပါဘူး။
၇။မိန်းကလေးတွေမှာစွမ်းအားရှိတယ်
မိန်းကလေးတွေမှာသူတို့ကိုယ်တိုင်တောင်မသိနိုင်တဲ့စွမ်းအားတွေရှိတယ်။ အဲ့ဒါကြောင့်ကြီးကျယ်မြင့်မြတ်တဲ့ယောက်ျားတစ်ယောက်ရဲ့ အနောက်မှာထက်မြက်တဲ့ မိန်းမတစ်ယောက်ရှိတယ်ဆိုတဲ့စကားက ထွက်ပေါ်လာတာပါ။ပြီးတော့ ယောက်ျားလေးတွေက ချစ်မိလာပြီဆိုရင် သူတို့ရဲ့ နှလုံးသားနဲ့စိတ်က မိန်းကလေးတစ်ယောက်ရဲ့ လက်ထဲကိုအလိုလိုရောက်သွားတယ် လို့ပြောလေ့ရှိကြပါတယ်။