ဆံပင်စတိုင်လ်အသစ်နဲ့လန်းနေတဲ့ Krystal

The Heirs ဇာတ်ကားထဲကချစ်စရာကောင်မလေး Krystal ကိုပရိသတ်တွေ မှတ်မိကြမယ်ထင်ပါတယ်။အဲ့ဒီဇာတ်ကားထဲမှာဆံပင်အရှည်လေးနဲ့ယဉ်ယဉ်လေးလှနေသလို အခုညှပ်လိုက်တဲ့ဆံပင်အတိုလေးနဲ့လည်း ချစ်စရာကောင်းနေပြန်ပါတယ်။

“အရင်တုန်းက ဆံပင်အရှည်သာထားပြီး အခုလိုဆံပင်အတိုနဲ့ တစ်ခါမှမမြင်ဖူးပါဘူး။ အရမ်းကိုလိုက်ဖက်ပြီးချစ်စရာကောင်းတယ်”လို့သူမရဲ့ ပရိသတ်တွေက ကွန်းမန့်တွေ များစွာရေးပေးခဲ့ပါတယ်။

နောက်ထပ်ဇာတ်ကားအသစ်တွေမှာ သူမကိုဆံပင်စတိုင်လ် အသစ်နဲ့မြင်ရမှာဖြစ်တာကြောင့်ပရိသတ်တွေက မစောင့်နိုင်အောင်ဖြစ်နေကြတယ် လို့သိရပါတယ်။ ဆံပင်စတိုင်လ်အသစ်လေးနဲ့လန်းနေတဲ့ Krystal ရဲ့ ပုံလေးတွေကို ပရိသတ်ကြီးအတွက်မျှဝေလိုက်ပါတယ်။

158 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.