စစ်မှုထမ်းဆောင်နေပြီဖြစ်တဲ့မင်းသားချော Kim Soo Hyun

နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ Kim Soo Hyun ဟာ ဒီနေ့အောက်တိုဘာ ၂၃ရက်ကစပြီး စစ်မှုထမ်းဆောင်ဖို့သွားပြီလို့သိရပါတယ်။မကြာသေးခင်ရက်ပိုင်းက မင်းသားက Nonsan မှာရှိတဲ့သင်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ မင်းသားဟာ Gyeonggi-do Paju Training Center မှာတာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ Key East အင်တာတိန်းမန့်က ဖော်ပြခဲ့ပါတယ်။

မင်းသားကလည်းသူ့ရဲ့ အင်စတာဂရမ်မှာ “စစ်မှုထမ်းဆောင်ဖို့မသွားခင် အားလုံးကိုနှုတ်ဆက် စကားပြောချင်ပါတယ်။သူ့ကိုအားပေးတဲ့ပရိသတ်တွေကို အရမ်းကိုကျေးဇူးတင်ပါတယ်။ ကျန်းမာစွာနဲ့ပြန်လာခဲ့ပါ့မယ်။ပရိသတ်တွေအားလုံးကိုလည်းကျန်းမာစေချင်ပါတယ်။ ကျန်းမာဖို့မျှော်လင့်ပါတယ်”လို့ရေးသားထားခဲ့ပါတယ်။

သူ့ရဲ့ စစ်မှုထမ်းပြီးဆုံးမယ့်အချိန်က ၂၀၁၉ခုနှစ်၊ဇူလိုင် ၂၂ရက်နေ့လို့သိရပါတယ်။သူ့ရဲ့ ပရိသတ်တွေကတော့ ကျန်းမာအောင်နေဖို့နဲ့ဂရုစိုက်ဖို့ ကွန်းမန့်တွေရေးသားခဲ့ကြတာ ကိုမြင်တွေ့ရပါတယ်။

 

439 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.