သက်ရှည်ကျန်းမာ ပျော်ရွှင်အောင်နေထိုင်နည်း (အပိုင်း-၁)

happy-woman.jpg

          ပျော်ရွှင်မှုဆိုတာ လူသားတွေကို တတ်နိုင်သလောက် ရှောင်ဖယ်တတ်တဲ့ သဘာဝ ရှိတာတောင်မှ ကျွန်ုပ်တို့အားလုံး ရှာဖွေထိန်းသိမ်းထားချင်တဲ့ အရာတစ်ခုပါ။ ဘယ်သူမှ တစ်ချိန်လုံးပျော်နေတယ်ဆိုတာမရှိပါဘူး။ ဒါပေမယ့် တစ်ချို့သူတွေမှာ အသေအချာကို အခြားသူတွေထက် ကျေနပ်နှစ်သက်စရာတွေရှိနေပါတယ်။ လေ့လာသူတွေရဲ့ဖော်ပြချက်အရ ပျော်ရွှင်မှုဆိုတာ ရုပ်ဝတ္တုပစည်းတွေနဲ့ မြင့်မားတဲ့ အောင်မြင်မှုတွေကနေရတယ်ဆိုတာ နည်းပါးပြီး သင့်ရဲ့ ဘ၀အပေါ် ဘယ်လိုသုံးသပ်ရှုမြင်တယ်ဆိုတာကနေ လာတာပါ။

(၁)     ၁၉၇၀ ခုနှစ်လောက်တွေတုန်းက လေ့လာသူအချို့ဟာ အဲဒီနှစ်မှာ ထီပေါက်သွားတဲ့ လူတွေကို နောက်တစ်နှစ်ကြာတဲ့အထိ ဆက်လက်လေ့လာကြည့်ကြတယ်။ အဲဒီအခါ သူတို့ဟာ အခြားထီမပေါက်တဲ့သူတွေထက် ထူးပြီး ပျော်ရွှင်နေတယ်ဆိုတာ မတွေ့ခဲ့ရပါဘူး။ ဒီတော့ ကျွန်ုပ်တို့အသီးသီးမှာ ပျော်ရွှင်မှုဆိုတဲ့အရာ အခြေခံအားဖြင့် တန်းတူညီမျှရှိထားပြီးသားလို့ ဆိုနိုင်ပါတယ်။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ဒါတွေရဲ့အကျိုးသက်ရောက်မှုဟာ ယာယီသာဖြစ်ပါတယ်။ ဒီတော့ ဖြစ်သမျှကိစ္စတွေအပေါ် အကောင်းမြင်စိတ်နဲ့ တုံ့ပြန်ဖို့သာ အဓိကဖြစ်တယ်လို့ အဖြေထွက်လာပါတယ်။

(၂)     စိတ်နောက်ကိုလိုက်ပါ။ လေ့လာမှုတစ်ခုမှာ အုပ်စုနှစ်စုဟာ သူတို့အိမ်အတွက် ပိုစတာဆွဲဖို့ရှိတယ်။ ပထမအုပ်စုက သူတို့ရဲ့ ဆုံးဖြတ်ချက် ၊ ရည်ရွယ်ချက်နဲ့ ဆက်စပ်မှုတွေကို စစ်တမ်းထုတ်ကြပြီး ပိုစတာဆွဲခဲ့တယ်။ နောက်တစ်အုပ်စုကတော့ သူတို့ရဲ့ နှလုံးသားက ဘာပြောနေလဲဆိုတာ သေချာသိအောင်နားထောင်ပြီး ပိုစတာဆွဲခဲ့တယ်။ နောက်နှစ်ပတ်အကြာမှာ ခံစားချက်နောက်လိုက်ပြီး ရေးဆွဲခဲ့တဲ့အဖွဲ့ဟာ ဆုံးဖြတ်ချက်တွေ စစ်တမ်းကောက်မှုတွေ လုပ်ဆောင်ပြီး ရေးဆွဲတဲ့အဖွဲ့ထက် ပိုအောင်မြင်တာတွေ့ရတယ်။ လက်တွေ့ဘ၀မှာ ကြုံရတဲ့ ဆုံးဖြတ်ချက်တွေဟာ ပိုစတာဆွဲတာထက် အရေးကြီးတာ မှန်ပါတယ်။ ဒါပေမယ့် တစ်ချို့ဆုံးဖြတ်ချက်တွေမှာ သတ်မှတ်ချက်တွေ စဉ်းမျဉ်းတွေကနေ သွေဖယ်ပြီး နှလုံးသားရဲ့ခံစားချက်ကို သေချာအောင်နားထောင်ကြည့်ခြင်းဖြင့် ပိုပျော်ရွှင်နိုင်တာ တွေ့ရပါလိမ့်မယ်။ နောင်တစ်ချိန် ဆုံးဖြတ်ချက်ချစရာ တစ်ခုနဲ့ ကြုံလာပြီး ရွေးချယ်စရာ (၂)ခု (၃)ခုနဲ့ကြုံလာရင် ကိုယ်တကယ်မှန်တယ်လို့ ထင်တာကို ရွေးလိုက်ပါ။ နောင်တရဖို့ အခွင့်အလမ်းနည်းပါးပါတယ်။ ဘ၀ကို ရွေးချယ်မှု ၊ အခွင့်အရေး နဲ့ ပြောင်းလဲမှုဆိုတဲ့ အရာ(၃)ခုနဲ့ နေထိုင်ပါ။ အင်္ဂလိပ်တွေကတော့ ဒါကို 3’C လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ Choice, Chance and Changes တို့ပဲဖြစ်ပါတယ်။ တစ်ခုခုကို “ရွေးချယ်” ပြီး “အခွင့်အရေး” ကိုရယူရမယ်။ မဟုတ်ရင်တော့ ဘ၀ဟာ ဘယ်တော့မှ “ပြောင်းလဲမှု” ရှိမှာ မဟုတ်ဘူးလို့ အဓိပ္ပါယ်ရပါတယ်။

(၃)     အခြေခံလိုအပ်ချက်တွေအတွက် လုံလောက်တဲ့ဝင်ငွေရှိအောင်လုပ်ပါ။ အစားအစာ၊ ခိုလှုံစရာနေရာ ၊ အ၀တ်အထည် တို့ပါပဲ။ တနည်းပြောရရင်တော့ “စား ၊ ၀တ် ၊ နေရေး”ပေါ့။ ဒီလိုအပ်ချက်ထက်ပိုတဲ့ ပိုက်ဆံဆိုတာ သင့်ကိုပျော်ရွှင်စေနိုင်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်။ အရေအတွက်များတဲ့ ပိုက်ဆံတွေဆိုတာ တကယ်တော့ သင့်ကိုပျော်ရွှင်အောင်မလုပ်နိုင်ပါဘူး။ ပြောခဲ့တဲ့အတိုင်း အခြေခံလိုအပ်ချက် (၃)မျိုး ကိုသာ လုံလောက်အောင်ရှာဖွေနိုင်ရင် ပျော်ရွှင်မှုကို သိသာစွာ အကျိုးပြုလာနိုင်တယ်ဆိုတာ တွေ့ရမှာပါ။ သင့်ရဲ့ အကောင်းမြင်စိတ်ဘယ်လောက် ရှိတယ် ဆိုတာပေါ်မှာလဲ မူတည်တာပေါ့။ 

Ref:wikihow

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.