လူတစ်ယောက်ကသင့်ကိုလိမ်ပြောနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ?

သင့်ကိုလူတစ်ယောက်ကလိမ်နေတာလား၊အမှန်အတိုင်းပြောနေတာလားဆိုတာ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။

၁။သူတို့ရဲ့ ခန္ဓာကိုယ်အနေအထားမမှန်တော့ဘူး

သင်တစ်ခုခုမေးလိုက်တဲ့အခါ သူတို့ရဲ့ခေါင်း၊လက်နဲ့ခြေထောက်တွေက ပုံမှန်အတိုင်းမဟုတ်တော့ပဲ ခဏခဏပြောင်းလဲနေတယ်ဆိုရင် အဲ့လူကသင့်ကိုလိမ်ပြောနေတာဖြစ်နိုင်ပါတယ်။ ကျန်တဲ့အချက်တွေကြည့်လိုက်ပါဦး။

၂။မျက်လုံးလွှဲသွားတယ်

သင်နဲ့စကားပြောနေရင်းမျက်လုံးလွှဲပြီးပြောလိုက်တာက သူလိမ်နေတာကိုသင်သိသွားမှာစိုးလို့ ရဲရဲမကြည့်ရဲတာပါ။လိမ်ပြောနေတဲ့သူအများစုက သူတို့ရဲ့ မျက်နှာကိုတခြားတစ်နေရာရာမှာပဲ အာရုံစိုက်ထားလေ့ရှိပါတယ်။

၃။ပြောပြီးသားစကားကိုထပ်ခါထပ်ခါပြောမယ်

သူတို့ကသင့်ကိုလိမ်ပြောနေတာဖြစ်တာကြောင့် သူတို့ပြောပြီးသားစကားကို သတိမထားမိပဲ ထပ်ခါထပ်ခါပြောနေပါလိမ့်မယ်။ဥပမာ သူလုပ်တဲ့ကိစ္စတစ်ခုကို မလုပ်ဘူးလို့ငြင်းတဲ့အချိန်မှာ သူမလုပ်ဘူးလို့ ခဏခဏရှင်းပြနေတာမျိုးပါ။တကယ်မလုပ်တဲ့သူက အချက်အလက်နဲ့ သေချာရှင်းပြပါလိမ့်မယ်။

၎။သူတို့ရဲ့ နှုတ်ခမ်းကိုခဏခဏထိတယ်

လိမ်ပြောတဲ့သူတစ်ယောက်ကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်ကမတည်ငြိမ်ပဲ တစ်ခုမဟုတ်တစ်ခု လှုပ်ရှားနေတာကိုမြင်ရပါလိမ့်မယ်။ သင်တစ်ခုခုမေးလို့ သူတို့ကလိမ်ပြောတော့မယ်ဆိုရင်သူတို့က နှုတ်ခမ်းကိုလက်နဲ့ထိထားပါလိမ့်မယ်။ သူတို့စကားပြောတဲ့အခါ အမှားအယွင်းပါသွားမှာစိုးလို့သတိထားနေတဲ့သဘောပါပဲ။

၅။မျက်နှာကိုကိုင်တယ်

လူတစ်ယောက်လိမ်နေတဲ့အခါအသိသာဆုံးကသူ့ရဲ့ လှုပ်ရှားမှုပါ။ပုံမှန်ပြောနေရင်း မျက်နှာကိုကိုင်လိုက်တာ၊ဆံပင်ကိုသပ်လိုက်တာစတဲ့အမူအရာတွေကိုမြင်ရင် အဲ့ဒီအကြောင်းအရာက လိမ်ပြောနေတယ်ဆိုတာပါပဲ။ အသိသာဆုံးကမျက်လုံးပါပဲ။ သေချာဂရုတစိုက်ကြည့်မယ်ဆိုရင်လူတစ်ယောက်လိမ်နေလား အမှန်အတိုင်းပြောတာလားဆိုတာသိနိုင်ပါလိမ့်မယ်။

 

 

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.