ပရိသတ်တွေကြားမှာရေပန်းစားလာဦးမယ့် ကလေးသရုပ်ဆောင်မင်းသမီးလေး Shin Eun Soo

Shin Eun Soo လို့ခေါ်တဲ့ကလေးသရုပ်ဆောင်မလေးကို Suzy ရဲ့ ကိုယ်ပွားလေးလို့တောင် ပရိသတ်တွေက တင်စားနေကြပါတယ်။

သူမကအသက် ၁၄နှစ်သာရှိသေးပြီး  JYP အင်တာတိန်းမန့်နဲ့စာချုပ်ချုပ်ဆိုထားပါတယ်။ မင်းသားချောKang Dong Won နဲ့ “Vanishing Time:A Boy Who Returned…” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး အကောင်းဆုံးမင်းသမီးအသစ်ဆုပေးဖို့တောင်ရွေးချယ် ခံရတယ် လို့သိရပါတယ်။

Shin Eun Soo ဟာ “The Legend Of Blue Sea” ဇာတ်ကားမှာလည်း ကလေးဘ၀ရေသူမလေးအဖြစ်ပါဝင်သရုပ်ဆောင်ထားဖူးပါတယ်။

သဘာဝကျကျနဲ့လှပပြီိးချစ်စရာကောင်းလွန်းတာကြောင့်ကိုရီးယားရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားလာဦးမှာပါ။သူမရဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေအတွက်ပြန်ပြီးမျှဝေလိုက်ပါတယ်။

 

487 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.