မင်းသားချော Jung ll Woo ရဲ့ ပြောင်းလဲသွားတဲ့အသွင်အပြင်ကြောင့် ပရိသတ်တွေကသတိထားမိပြီး အံ့သြခဲ့ကြ

High Kick ဇာတ်ကားထဲမှ မင်းသားချော Jung ll Woo ဟာ စက်တင်ဘာ ၂၄ရက်နေ့က ကျင်းပခဲ့တဲ့ 2017 Seoripul Festival ကိုတက်ရောက်ခဲ့ပါတယ်။ ပရိသတ်တွေအများကြီးနဲ့ တွေ့ဆုံရတဲ့ပွဲဖြစ်တာကြောင့် မင်းသားရဲ့ ခန္ဓာကိုယ်အလေးချိန်တက်လာတာကို ပရိသတ်တွေကသတိထားမိပြီးအံ့သြခဲ့ကြပါတယ်။

ဒါပေမဲ့လည်း မင်းသားရဲ့ ချိုသာပြီးချစ်ဖို့ကောင်းတဲ့အပြုံးကြောင့် ပရိသတ်တွေက အခုထိ မင်းသားကို ၀န်းရံဆဲပါပဲ။သူ့ရဲ့ ပရိသတ်တစ်ယောက်က “သူက ပိုဝလာပေမဲ့ ကြည့်ကောင်းနေတုန်းပါပဲ၊သူ့မှာ ချစ်စရာကောင်းတဲ့အပြုံးကတော့ အမြဲတမ်းရှိနေပါတယ်” လို့ရေးသားထားခဲ့ပါတယ်။မင်းသားက ၂၀၁၆ဒီဇင်ဘာတုန်းက စစ်မှုထမ်းလို့ပြီးသွားပြီလို့သိရပါတယ်။

သူ့ရဲ့ နောက်ဆုံးထွက်ဇာတ်ကားက “Cinderella and Four Knights” ဖြစ်ပြီး မင်းသားရဲ့ “The Night Watchman’s Journal” ဇာတ်ကားကလည်း အရမ်းကိုအောင်မြင် ခဲ့တဲ့ဇာတ်လမ်းတွဲတစ်ခုပါ။နောက်ထပ်ဇာတ်ကားအသစ်တွေထွက်လာဖို့လည်း ပရိသတ်တွေကမျှော်လင့်နေကြပါတယ်။

 

925 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.